Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မင်းတပ်မှာ သစ်တောထွက်ပစ္စည်း ရှာဖွေ၊ ရောင်းဝယ်ခြင်း ကန့်သတ်တားမြစ်

မင်းတပ်မြို့နယ်အတွင်းက မြေပေါ်မြေအောက် သစ်တောထွက်ပစ္စည်းတွေ ရှာဖွေခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း ခွင့်မပြုဘဲ တားမြစ်လိုက်ပြီး လိုက်နာခြင်း မရှိရင် အရေးယူသွားမယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါတယ်။

စက်တင်ဘာလ ၁၃နဲ့ ၁၈ ရက်က ကျင်းပပြုလုပ်တဲ့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ စီမံခန့်ခွဲရေး ကော်မတီဝင်တွေနဲ့ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ မင်းတပ်မြို့နယ်ပအဖက စက်တင်ဘာလ ၁၈ ရက်က ထုတ်ပြန်ပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းက မြေပေါ်မြေအောက် သစ်တောထွက်ပစ္စည်းတွေ ရှာဖွေခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း လုံးဝခွင်မပြုကြောင်း၊ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဥပဒေအရဖြစ်စေ၊ စီမံခန့်ခွဲရေး နည်းလမ်းအရဖြစ်စေ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒီ‌ကြေညာချက်နဲ့ ပတ်သက်လို့ နောက်ထပ်တစုံတရာ ထုတ်ပြန်မှု မပြုမချင်း အတည်ဖြစ်နေဆဲဖြစ်တယ်လို့ မင်းတပ်ပအဖက ဆိုပါတယ်.

မြို့၊ တိုက်နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအတွင်းက ဒေသခံပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အသိပေးဆောင်ရွက်သွားဖို့ သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးထံကို လမ်းညွှန်အသိပေးထားသလို နီးစပ်ရာ မြို့နယ်တွေဖြစ်တဲ့ ဆော၊ ထီးလင်း၊ ကန်ပက်လက်၊ မတူပီမြို့နယ် ပအဖအဖွဲ့တွေကိုလည်း သိရှိနိုင်ဖို့ ကြိုအသိပေးထားတယ်လို့ ဆိုပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး