Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

ကုန်းတွင်းမုန်တိုင်းငယ် အကြွင်းအကျန်ဟာ ၂၄ နာရီအတွင်းမှာ မြန်မာကို စတင်ဖြတ်မယ်

ကုန်းတွင်းမုန်တိုင်းငယ်ဟာ လေဖိအားနည်းဆဲလ်နဲ့ အကြွင်းအကျန် တိမ်တိုက်တွေအဖြစ်ကို အားလျော့သွားခဲ့ပြီး လာမယ့် ၂၄ နာရီအတွင်း မြန်မာနိုင်ငံကို ဖြတ်ကျော်မှာဖြစ်လို့ တိုင်းနဲ့ ပြည်နယ် ၉ ခုမှာ နေရာအနှံ့အပြား မိုးထစ်ချုပ် ရွာမယ်လို့ စစ်ကောင်စီ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၀ ရက် တိုင်းထွာချက်အရ လာအိုနိုင်ငံအလယ်ပိုင်း ဒေသကို ဖြတ်ကျော်လာတဲ့ ကုန်းတွင်းမုန်တိုင်းငယ်ဟာ အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ထိုင်းနိုင်ငံ အရှေ့ပိုင်းဒေသကို ရောက်ရှိခဲ့ပြီးနောက် လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားတယ်လို့ စစ်ကောင်စီ မိုးဇလက ဆိုပါတယ်။

အဲဒီကုန်းတွင်းမုန်တိုင်းငယ်ရဲ့ လေဖိအားနည်းဆဲလ်အချိန်ကြောင့် လာမယ့် ၂၄ နာရီအတွင်းကနေ စက်တင်ဘာလ ၂၅ ရက်အထိ နေပြည်တော်၊ မကွေး၊ ပဲခူးတိုင်း၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုပ် ရွာသွန်းနိုင်ပါတယ်။

ဒေသအလိုက်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းတောင်ပိုင်းတို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာပြီး နေရာကွက်၍ မိုးကြီးခြင်းနဲ့ လေပြင်းတိုက်ခတ်ခြင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။

စက်တင်ဘာလ ၂၃ ရက်မှာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်း နဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်သလို ကုန်းမြင့်ဒေသအနီးက ဒေသခံတွေ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်အနီးက ဒေသခံတွေ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်း ပျံသန်းရေးတွေအနေနဲ့ ကြိုတင်သတိပြုကြဖို့ အသိပေးနှိုးဆော်ထားပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature