Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

စံချိန်တင် မိုးရွာသွန်းမှုကြောင့် ကမ္ဘာ့အမွေအနှစ် ပုဂံဘုရားတွေ ပြိုကျပျက်စီးမှု တိုးလာ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းဘုရား တွေဟာ ဒေသတွင်းစံချိန်တင် မိုးရွာသွန်းမှုကြောင့် ဘုရားစေတီပြိုကျမှုတွေ တိုးလာနေပြီး လက်ရှိမှာ ငါးဆူ ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေထဲက ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်းဘုရားတွေဖြစ်တဲ့ ဘုရားအမှတ် ၁၀၄၂ ဆင်းကဘုရား၊ ငှက်ပစ်တောင်ပေါ်က ဘုရားအမှတ် ၁၆၇ စေတီကြီးဘုရားနဲ့ ဘုရားအမှတ် ၁၉၂၀ စေတီတို့ဟာ မနေ့က စက်တင်ဘာလ ၁၂ ရက် ပြိုကျပျက်စီးခဲ့ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၁၃ ရက်မှာ ဘုရားအမှတ် ၁၇၃၇ နဲ့ ဘုရားအမှတ် ၈၃၃ သမုတိဘုရားစေတီတို့ ပြိုကျပျက်စီးခဲ့တာပါ။

စက်တင်ဘာလ ၁၂ ရက်နေ့က ညောင်ဦးမြို့နယ်မှာ မိုးရေချိန်လက်မ ၈.၅၁ (၂၁၆ မီလီမီတာ) နဲ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ညောင်ဦးမြို့မှာ မိုးရေချိန် စံချိန်သစ် တင်ခဲ့တာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက မနေ့ကထုတ်ပြန်ပါတယ်။

တိုက်ဖွန်မုန်းတိုင် ရာဂီရဲ့ မိုးရွာသွန်းမှုကြောင့် ပြိုကျသွားတဲ့ ဘုရားအမှတ် ၂၄၂ ဆင်ကဘုရားဟာ ဆက်လက်ပြိုကျနိုင်တဲ့ အနေအထားရှိနေလို့ အမြန်ဆုံး ထိန်းသိမ်းရေးတွေ လုပ်ဆောင်ဖို့ သက်ဆိုင်ရာဌာနနဲ့ ဒေသလူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး