Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခိုးယူခံရတဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်း ၇၀ ခု ကမ္ဘောဒီယား ပြန်ရရှိ

ခိုးယူခံထားရတဲ့ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေ ၇၀ ခုကို နိုင်ငံဆီ ပြန်လည်ရောက်ရှိလာမှုဟာ ကမ္ဘောဒီယားပြည်သူတွေနဲ့ ဘိုးဘွားဝိညာဉ်တွေ ပြန်လည် ပေါင်းစည်းနိုင်တဲ့ သင်္ကေတဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရ ဝန်ကြီးချုပ်က ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဆီ ပြန်လည်ရောက်ရှိလာတဲ့ ရှေးဟောင်းပစ္စည်း ၇၀ ခုထဲမှာ ရှေးဟောင်းဟိန္ဓူ နတ်ဘုရားရုပ်တုတွေ၊ ဗုဒ္ဓဆင်းတုတွေ ပါဝင်ပြီး တချို့အမွေအနှစ်ပစ္စည်းတွေဟာ ၉ ရာစုနဲ့ ၁၄ ရာစုက အန်ကော်ခေတ်က ရုပ်တုတွေ ဖြစ်ပါတယ်။

အမေရိကန်၊ နယူးယောက်မြို့၊ မက်ထရိုပိုလီတန်ပြတိုက်ကနေ ရုပ်တု ၁၄ ခု ပြန်ပို့ပေးတာအပါအဝင် ကိုယ်ပိုင် စုဆောင်းသိမ်းဆည်းသူတွေဆီကနေ ရှေးဟောင်းပစ္စည်း ၇၀ ခုတို့ မူရင်းပိုင်ရှင်ဆီ ပြန်လာနိုင်ကြတာပါ။

၁၉၉၆ ခုနှစ်ကနေ ပြီးခဲ့တဲ့ ဇူလိုင်လအထိ ကမ္ဘောဒီယာကို ပြန်ရောက်လာတဲ့ ရှေးဟောင်းအမွေအနှစ်ပစ္စည်း ၁၀၈၉ ခုရှိပြီး ၅၇၁ ခုကို ပြန်ပေးအပ်မှုတွေကနေ လက်ခံရရှိခဲ့ကာ ၅၂၇ ခုကို နိုင်ငံပေါင်း ၁၅ နိုင်ငံနဲ့ ပြတိုက်တွေဆီကနေ ပြန်လည်လက်လွဲယူနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ နိုင်ငံရဲ့ နောက်ထက် ရှေးဟောင်းအမွေအနှစ်တွေ ပြန်ရဖို့ ဆက်ကြိုးစားသွားမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဩဂုတ်လ ၂၂ ရက်က ငြိမ်းချမ်းရေးနန်းတော်မှာ ပြုလုပ်တဲ့ အမွေအနှစ်ပြန်လည်ရရှိတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

၁၉၇၀ ပြည့်နှစ်တွေက ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီအစိုးရအုပ်ချုပ်နေစဉ်အတွင်း ပြည်တွင်းစစ်နှင့် ပဋိပက္ခများကြောင့် ရှေးဟောင်းအမွေအနှစ်ပစ္စည်း ထောင်ချီဟာ ခိုးယူခံရပြီး ပြည်ပနိုင်ငံများဆီ ပျံနှံ့ရောက်ရှိနေပါတယ်။

ကိုးကား – The Phnom Penh Post

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး