Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ဒီနှစ်သားပေါက်ရာသီ ကြိုးကြာခေါင်းနီငှက် ပထမဆုံးအသိုက်ကို ဒီနေ့ တွေ့ရှိပြီလို့ KTCG ဆို

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်အတွင်းမှာ ဒီနှစ် ကြိုးကြာခေါင်းနီငှက်တွေရဲ့ သားပေါက်ရာသီအတွက် ပထမဆုံး တွေ့ရှိရတဲ့ အသိုက် ၁ ခုကို ဒီကနေ့မှာ မှတ်တမ်းတင် ရရှိခဲ့တယ်လို့ KTCG က ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇူလိုင်လ ၁၅ ရက်မှာ မိမိတို့ အဖွဲ့ရဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေနဲ့အတူ ဒေသခံတွေရဲ့ စိတ်ဝင်စားစွာ ပါဝင်သတင်းပေးမှုကြောင့် ၂၀၂၄ ခုနှစ်အတွက် ကြိုးကြာခေါင်းနီငှက် အသိုက် ၁ သိုက်ကို ပထမဆုံး တွေ့ရှိခဲ့တယ်လို့ KTCG က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီနှစ် ပထမဆုံး တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့တဲ့ အသိုက်မှာ ကြိုးကြာခေါင်းနီငှက်က ဥ ၂ လုံး ဥထားတာကို တွေ့ရှိခဲ့တယ်လို့ ကျုံကပြင် – တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ – KTCG က ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ပါတယ်။

KTCGအဖွဲ့ဟာ ၂၀၁၈ ခုနှစ်စတင်လို့ ကြိုးကြာခေါင်းနီငှက်များ အသိုက်ဆောက်လုပ်ချိန်တွင် ကျုံကပြင်- တက်ဆိပ်ဒေသတွေမှာ နှစ်စဉ်စာရင်းကောက် မှတ်တမ်းပြုစုလျက်ရှိပါတယ်။ ဧရာဝတီတိုင်းထဲက မြို့နယ်တွေထဲမှာ ဝါးခယ်မမြို့နယ်ဟာ ကြိုးကြာ ခေါင်းနီငှက် အများဆုံး နေထိုင်ကျက်စားတယ်လို့ သိရပါတယ်။

ကြိုးကြာခေါင်နီငှက်တွေဟာ ဒေသခံတွေနဲ့ ယဉ်ကျေးမှုအရ အစဉ်အလာကြီးမားတဲ့ ဆက်နွယ်မှုတွေ ရှိတယ်လို့ KTCG က ဆိုပါတယ်။

မိုးရာသီမှာ အသိုက်ဆောက်၊ ဥ အု, သားပေါက်လေ့ရှိတဲ့ ကြိုးကြာခေါင်းနီငှက်တွေဟာ တစ်နှစ်မှာ တစ်ကြိမ်သာ သားပေါက်ပြီး တစ်လုံးမှ နှစ်လုံးအထိ ဥတွေကို ဥအုလေ့ရှိပါတယ်။

ကြိုးကြာခေါင်းနီငှက်မျိုးစိတ်ဟာ မြန်မာနိုင်ငံမှာ နေရင်းဒေသငှက်အဖြစ် တစ်နှစ်ပတ်လုံး နေထိုင်ကျက်စားပြီး ကရင်၊ ရှမ်း၊ ရခိုင်၊ ပဲခူး၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်းတို့မှာ တွေ့ရှိရတယ်လို့ ထိန်းသိမ်းရေးသမားတွေက ပြောပါတယ်။

နှစ်စဉ်သုတေသနပြုလုပ်ချက်တွေအရ ကြိုးကြာခေါင်းနီငှက်တွေအပေါ် ခြိမ်းခြောက်မှုတွေ နှစ်စဉ် ပိုမိုများပြားလာတယ်လို့ KTCGအဖွဲ့က ဆိုပါတယ်။

နေရင်းဒေသတွေ ပျောက်ဆုံးခြင်း၊ အသိုက်ပျက်စီးခြင်းတွေက အဓိက ခြိမ်းခြောက်မှုတွေ ဖြစ်နေပြီး ဒေသခံတွေ ပူးပေါင်းပါဝင် ထိန်းသိမ်းခြင်းက ပိုမိုထိရောက်အောင်မြင်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ဓါတ်ပုံများ – KTCG

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature