Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

မိုင်းလားတပ်ဖွဲ့ရဲ့ ထိန်းချုပ်ဒေသမှာ မြေရှားသတ္တုတူးဖော်မှု အဆမတန် မြင့်တက်

စစ်အာဏာသိမ်းပြီ ၄ နှစ်ကျော်မှာ ရှမ်းပြည်နယ် အရှေ့ဘက်အစွန်ဆုံး မိုင်းယောင်းမြို့နယ်အတွင်းက မိုင်းလားတပ်ဖွဲ့ (NDAA) ရဲ့ ထိန်းချုပ်နယ်မြေမှာ မြေရှားသတ္တု တူးဖော်မှု ၁၉ နေရာအထိ အဆမတန် မြင့်တက်လာနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ကြေညာပါတယ်။

အဆိုပါသတ္တုတွင်းနေရာတွေဟာ NDAA က ထိန်းချုပ်ထားတဲ့ အထူးဒေသ (၄) နယ်မြေအတွင်း တည်ရှိပြီး မဲခေါင်မြစ်နဲ့ ကီလိုမီတာ ၄၀ ထက်နည်းတဲ့ အကွာအဝေးမှာ ဖြစ်တယ်လို့ ၂၀၂၅ ခုနှစ် မေလက ရရှိတဲ့ ဂြိုလ်တုဓါတ်ပုံအကိုးအကားတွေနဲ့ SHRF က ထုတ်ပြန်ပါတယ်။

သတ္တုတွင်းတွေထဲက ၁၆ ခုဟာ လည်ပတ်နေဆဲဖြစ်တာကို ဓါတ်ပြုကန်တွေအတွင်း အရည်များ ပြည့်နေခြင်းနဲ့ တွေ့မြင်သိရှိနိုင်ပြီး ကျန် ၃ ခုမှာ မေလအတွင်း တည်ဆောက်နေဆဲဖြစ်ပေမယ့် တည်ဆောက်ဆဲ စက်ဝိုင်းပုံကန် တန်းတွေကြောင့် ခွဲခြားသိရှိနိုင်ခဲ့တယ်လို့ သိရပါတယ်။

NDAA ထိန်းချုပ်ဒေသက မြေရှားသတ္တုတွင်းတွေဟာ ကချင်းပြည်နယ်ရှိ မြေရှားသတ္တုတွင်းတွေကဲ့သို့ စက်ဝိုင်းပုံစံ ဓါတ်ပြုကန်တွေကို အတန်းလိုက်တွေ့မြင်ရပြီး မြေရှားသတ္တုထုတ်ယူဖို့ နေရာမှာပင် ဓာတုဗေဒနည်းနဲ့ ပျော်ဝင်စေတဲ့ နည်းလမ်းကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဓာတုဗေဒပစ္စည်းတွေ ထည့်ထားတဲ့ အိတ်ထောင်ပေါင်းများစွာနဲ့ ဓါတုဆေးရည်တွေ ထိုးသွင်းဖို့ ပိုက်လိုင်းတွေကိုလည်း တောင်စောင်းတွေမှာ တွေ့ရှိရတယ်လို့ SHRF က ထုတ်ပြန်ပါတယ်။

မြေရှားသတ္တုတွင်းအများစုဟာ တရုတ်နယ်စပ်နဲ့ ၄ ကီလိုမီတာခန့်အကွာ၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄, ၀၀၀ မှ ၅, ၀၀၀ ကြားရှိတဲ့ မြင့်မားတဲ့ တောင်တန်းဒေသမှာ တည်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဒေသက ရေတွေဟာ နပ်ချောင်း (Nap) အတွင်းသို့ စီးဝင်ပြီး အဲဒီချောင်းဟာ မဲခေါင်မြစ်ရဲ့ မြစ်လက်တက် တစ်ခုဖြစ်တဲ့ လွေမြစ် (Lwe) အတွင်းသို့ စီးဝင်တယ်လို့ သိရပါတယ်။

မြေရှားသတ္တုအပြင် အခြားသတ္တုတူးဖော်မှုတွေဟာ လွေမြစ်တလျှောက်မှာ လုပ်ဆောင်နေပြီး နှစ်ပေါင်း ၂၀ အတွင်း မင်းဂနိစ်သတ္တုးတူးဖော်မှုဟာ သိသိသာသာ တိုးမြင့်လာနေသလို အဲဒီဒေသမှာ ရေထုညစ်ညမ်းမှုတွေလည်း ဖြစ်ပွားနေတယ်လို့ SHRF က ဆိုပါတယ်။

လွေမြစ်ဟာ လာအို၊ မြန်မာ၊ ထိုင်းနယ်စပ်တွေ ဆုံရာ ရွှေတြိဂံမြစ်ဆုံရဲ့ အရှေ့မြောက်ဘက် ၁၂၅ ကီလိုမီတာခန့်အကွာ၊ လာအိုနိုင်ငံ၊ လုံနမ့်သာ (Luangnamtha) ခရိုင်ရဲ့ တဖက်ကမ်းဖြစ်တဲ့ ဆွပ်လွေနေရာမှာ မဲခေါင်းမြစ်နဲ့ ပေါင်းဆုံတာဖြစ်ပါတယ်။

ဓါတ်ပုံများ – SHRF

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature