Connect with us

Hi, what are you looking for?

သတင်း

CDM ဆင် ၂၇ ကောင်ကို ဒေါင့်သန်းရောဂါ ကာကွယ်ဆေး ထိုးနှံပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အလောင်းတော်ကသပအမျိုးသား ဥယျာဉ်အတွင်းက CDM ဆင် (၂၇) ကောင်ကို ဒေါင့်သန်းရောဂါကာကွယ် ဆေးထိုးနှံပေးခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ် မေလပထမပတ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ယင်းမာပင်မြို့နယ် သယံဇာတ စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတွေနဲ့ ဆင်အဖွဲ့မှ ဆင်ဦးစီးတွေက အာဏာသိမ်းစစ်ကောင်စီ လက်အောက်မှ CDM လုပ်ထားတဲ့ ဆင်တွေ စုစုပေါင်း ၂၇ ကောင်ကို ဒေါင့်သန်းရောဂါ ကာကွယ် ဆေးထိုးနှဲပေးခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ဩဂုတ်လက ဆင်ဦးစီး ၃၁ ဦးနဲ့ ဆင် ၃၇ ကောင်တို့ဟာ စစ်ကိုင်းတိုင်းထဲက ယင်းမာပင် PDF တပ်ရင်း – ၁ ဆီကို CDM ပြုလုပ်ခဲ့ပါတယ်။

CDM ပြလုပ်ထားတဲ့ ဆင်တွေနဲ့ ဆင်ဦးစီးတွေကို လက်ရှိမှာ ဘေးကင်းတဲ့ လွတ်မြောက်နယ်မြေတွေမှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ဆင် ၃၇ ကောင်ထဲမှာ ဆင်ကလေး ၂ ကောင်ပေါက်ထားသလို ကိုယ်ဝန်လ ၂၀ ခန့်ရှိတဲ့ ဆင်မကြီး နှစ်ကောင်းလည်း ရှိနေတယ်လို့ သိရပါတယ်။

Click to comment

သတင်း

ဓါတ်မြေဩဇာ၊ စက်သုံးဆီ (ဒီဇယ်ဆီ)နဲ့ သဘာဝဓါတ်ငွေ့ တင်သွင်းမှုတွေကို ဇွန်လ ၁ ရက်ကနေ ၃၀ ရက်အထိ အခွန်ကင်းလွတ်ခွင့် ပြုပေးသွားမယ်လို့ အသွင်ပြောင်း စစ်တပ်အစိုးရက ကြေညာပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့နဲ့ တောင်သူလယ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှု စရိတ်တွေ လျော့ကျနိုင်စေဖို့ တို့အတွက် ဓါတ်မြေဩဇာတွေ တင်သွင်းမှုအပေါ်...