Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

မြန်မာနဲ့ထိုင်းပင်လယ်ပြင်မှာ ငါးမန်းနဲ့ ငါးလိပ် ကျောက် ထိန်းသိမ်းရေး ဧရိယာသစ် ၇ ခု တည်ထောင်နိုင်ဖို့ ကြိုးပမ်းနေ

မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံအတွင်းက ပင်လယ်ပြင်မှာ ငါးမန်းနဲ့ ငါးလိပ်ကျောက် ထိန်းသိမ်ရေး ဧရိယာအသစ် ၇ ခုကို သတ်မှတ်တည်ထောင်နိုင်ဖို့ ကူညီဆောင်ရွက်နေတယ်လို့ Marine Megafauna Foundation (MFF) က သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံပင်လယ်ပြင်အတွင်း ထိန်းသိမ်းရေး ဧရိယာအသစ် (၂) ခု နဲ့ ထိုင်းနိုင်ငံ လယ်ပြင် အတွင်း ဧရိယာအသစ် (၄) ခုတို့မှာ နှစ်ရှည်လများ သုတေသနပြုလုပ်ပြီး လိုအပ်တဲ့ ဒေတာအချက်အလက်တွေကို စုဆောင်းခဲ့တယ်လို့ MFF မေလ ၂၇ ရက်က ထုတ်ပြန်ပါတယ်။

အဲဒီလိုစုဆောင်းပြီးနောက် ရလာတဲ့ အချက်အလက်တွေကို စိစစ်သုံးသပ်ပြီးတဲ့အခါမှာ အဲဒီနေရာတွေကို ထိန်းသိမ်းရေး ဧရိယာတည်ထောင် သတ်မှတ်နိုင်ဖို့ အဆိုပြုချက်တွေကို MFF ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း တနင်္သာရီတိုင်းဒေသကြီး၊ ပင်လယ်ပြင်ထဲက Black Rock and the Twins နဲ့ Burma Banks စတဲ့ နေရာမှာ တည်ထောင်နိုင်ဖို့ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာတော့ Eight Mile Rock၊ Hin Muang & Hin Daeng ၊ Koh Tao ၊ Phi Phi Islands နဲ့ Similan – Surin Archipelago စတဲ့ နေရာ(၄) ခုကို သတ်မှတ်နိုင်ဖို့ ဆောင်ရွက်နေတာပါ။

အဲဒီ ငါးမန်းနဲ့ ငါးလိပ်ကျောက် ထိန်းသိမ်းရေးဧရိယာတွေ သတ်မှတ်နိုင်ဖို့ နှစ်ရှည်လများ အချက်အလက်စုဆောင်ခြင်းနဲ့ စိစစ်သုံးသပ်ခြင်းတွေကို အဖွဲ့ပေါင်းစုံက စုပေါင်း ကြိုးပမ်းထားကြတာဖြစ်တယ်လို့ MFF က ထုတ်ပြန်ပါတယ်။

Marine Megafauna Foundation (MFF) ၊Myanmar Ocean Project ၊ နိုင်ငံတကာတက္ကသိုလ် တို့အပါအဝင် မြန်မာ၊ ထိုင်းနဲ့ နိုင်ငံတကာအဖွဲအစည်းပေါင်း များစွာပါဝင်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

ဓါတ်ပုံများ – Marine Megafauna Foundation (MFF)

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature