Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ အိမ်မွေးတိရစ္ဆာန်ဆိုင်ခန်းတွေ မီးလောင်လို့ ရှားပါးအကောင်တွေအပါအဝင် တိရစ္ဆာန် တစ်ထောင်ခန့် သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ချက်တူချက်ခရိုင်ထဲက အိမ်မွေးတိရစ္ဆာန်ရောင်းချတဲ့ ဈေးရုံတစ်ခုဟာ ဒီနေ့မနက် အစောပိုင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့အတွက် တန်ဖိုးကြီး ရှားပါးအကောင်တွေ အပါအဝင် အိမ်မွေးတိရစ္ဆာန် တစ်ထောင်နီးပါး သေဆုံးတယ်လို့ သိရပါတယ်။

ဒီနေ့မနက် ၄ နာရီခန့်က စတင်လောင်ကျွမ်းခဲ့တဲ့ အဲဒီ (Somrat market )ဈေးရုံထဲမှာ ဆိုင်ခန်းပေါင်း ၁၁၈ ဆိုင် မီးထဲပါသွားခဲ့ပါတယ်လို့ ဒေသအာဏာပိုင်တွေရဲ့ ပြောကြားချက်တွေနဲ့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဈေးရုံးမီးလောင်မှုကို ဒေသတွင်းက မီးတပ်တပ်ဖွဲ့အများအပြားနဲ့ ငြိမ်းသတ်ခဲ့ပြီး နာရီဝတ်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာက တန်းဖိုးကြီး ရှားပါးအိမ်မွေးတိရစ္ဆာန်တွေအပါအဝင် ငါး၊ ကြောင်၊ ခွေး၊ ငှက်၊ မျောက်၊ မြွေ စတဲ့ အိမ်မွေးတိရစ္ဆာန် ထောင်ချီဟာ မီးလောင်မူထဲ ပါသွားခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုဟာ အိမ်မွေးခွေးဆိုင်တစ်ခုကနေ လျှပ်စစ်မတော်တဆမှုကြောင့် မီးလောင်ခဲ့တာဖြစ်တယ်လို့ မီးသတ်အဖွဲ့က ကနေဦး သုံးသပ်ထားပါတယ်။

Click to comment

သတင်း

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်ထဲက ရေအားလျှပ်စစ်စီမံကိန်းတွေ ပြီးစီးပါက နိုင်ငံမြောက်ပိုင်းမှ တောင်ပိုင်းအထိ ဓါတ်အားလိုင်းကွန်ယက် တည်ဆောက်ရန် စီမံဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်အစိုးရအဖွဲ့၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနထံမှ သိရပါတယ်။ တရုတ်၊ ရုရှားနိုင်ငံတို့နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ဖို့အတွက် အာဏာသိမ်း စစ်အစိုးရအဖွဲ့က ဆောင်ရွက်နေတယ်လို့ အာဏာသိမ်း စစ်အစိုးရ၊...