Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ဟားခါးမြို့အနီး နာမည်ကျော် “ရုန်းတောင်”က ဧက ၁၅၀၀ ခန့်ကို “ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းက ၁၅၁၇ ဧကနယ်မြေ အကျယ်အဝန်းကို “ရုန်းတောင် ကြိုးပြင် ကာကွယ်တော”အဖြစ် စစ်ကောင်စီလက်အောက်ခံ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက သတ်မှတ်ကြေညာလိုက်ပါတယ်။

၂၀၁၈ ခုနှစ်က ပြဌာန်းထားတဲ့ သစ်တော ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င)အရ “ရုန်းတောင် ကြိုးပြင်ကာကွယ်တော” အဖြစ် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်က စတင်၍ သတ်မှတ်ကြောင်း ထုတ်ပြန်လိုက်တာပါ။

“ရုန်းတောင် ကြိုးပြင်ကာကွယ်တော” ကို သတ်မှတ်လိုက်ခြင်းက ဒေသမျိုးရင်းသစ်မျိုးများဖြစ်တဲ့ ထင်း ရှူးပင်၊ ချယ်ရီပင်၊ တောင်ဇလပ်ပင်၊ ဝက်သစ်ချပင်၊ သစ်အယ်ပင်၊ မိုင်းဘောပင်၊ ကရဝေးပင် နဲ့ သစ်ကြားပင် တို့ကို ထိန်းသိမ်းနိုင်လိမ့်မယ်လို့ စစ်ကောင်စီရဲ့ သစ်တောဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် သဘာဝပန်းအလှပင်တွေ၊ ချိုချဉ်သစ်ခွ၊ နုခါ သစ်ခွ၊ ငါးရိုးသစ်ခွ စတဲ့သစ်ခွမျိုးတွေကို ထိန်းသိမ်းနိုင် မှာဖြစ်သလို ချေ၊ တောကြောင်၊ ယုန် စတဲ့ တိရစ္ဆာန်တွေရဲ့ နေထိုင်ကျက်စားရာဒေသကို ထိန်းသိမ်းနိုင်မျာဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။

တရားမဝင် သစ်တောထွက်ပစ္စည်းတွေ ထုတ်လုပ်ခြင်းက တားဆီးကာကွယ်နိုင်မှုအပြင် တရားမဝင် အမဲလိုက်ခြင်း ကိုလည်း ကာကွယ်တားဆီး နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒီလိုသတ်မှတ်မှုက ဟားခါးမြို့ သောက်သုံးရေရရှိရေးအတွက် အထောက်အကူဖြစ်စေတဲ့ စိမ့်စမ်းရေထွက်တွေကို ထိန်းသိမ်း နိုင်မယ့် အကျိုးကျေးဇူးတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင်တော်လှန်မှု အားကောင်းနေတဲ့ ချင်းပြည်နယ်မှာ မြို့တော် ဟားခါးကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် “၁၀၂၇ စစ်ဆင်ရေး”စတင်ပြီး တစ်လပြည့်နေ့မှစတင်၍ CDF – ဟားခါးဟာ “ရုန်းတောင် စစ်ဆင်ရေး”ကို ဒီကနေ့အထိ ဖော်ဆောင်နေပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး