Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ငှက်နဲ့ ဂေဟစနစ်အကြောင်း “ငှက်ကြည့်ခြင်း” ခေါင်းစဉ်နဲ့ အသိပညာပေး ဟောပြောပွဲ ပြုလုပ်မယ်

သဘာဝပတ်ဝန်းကျင်နဲ့ ငှက်သတ္တဝါတွေကို ချစ်မြတ်သူတွေအတွက် “ငှက်ကြည့်ခြင်း” (Bird Watching) အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၃၁ ရက်မှာ အွန်းလိုင်ကနေ ပြုလုပ်သွားမယ်လို့ သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုင်းရေးနဲ့ ထိန်းသိမ်းရေးအသင်း (FREDA) က ကြေညာပါတယ်။

သဘာဝတရားကို မြတ်နိုးသူတွေ၊ ငှက်ဝါသနာရှင်တွေနဲ့ ဂေဟစနစ်အကြောင်းကို စိတ်ဝင်စားသူတွေအတွက် FREDA မှ ဗဟိုကော်မတီဝင် ဝါရင့်ငှက်ပညာရှင် ဒေါက်တာသိန်းအောင်က “ငှက်ကြည့်ခြင်း” ခေါင်းစဉ်နဲ့ ဆွေးနွေးဟောပြောမှာဖြစ်ပါတယ်။

“အသိပညာပေးမှုက အခုက လှုပ်ရှားမှုက နည်းလာတယ်။ လူငယ်တွေအပိုင်းကလည်း ငှက်လေ့လာတာ၊ ခရီးသွားတာက နည်းနည်းလေ အဆင်မပြေဖြစ်တော့ ငှက်နဲ့ပတ်သက်ပြီး သိချင်တဲ့ အကြောင်းအရာလေးတွေ ရှိတာနဲ့ ကျနာ်တို့ ပြန်ပြီး စဖြစ်တာပေါ့နော်။ အခုကတော့ Talk (ဟောပြော) ပဲ ရှိသေးတာပေါ့၊၊ နောက်မှ သူတို့ရဲ့ လိုလာချက်ပေါ် မူတည်ပြီး သင်တန်းကို ကြည့်ပြီး လုပ်သွားရမှာပေါ့နော်။ အဲဒီရည်ရွယ်ချက်နဲ့ လုပ်တာပါ” လို့ ဝါရင့်ငှက်ပညာရှင် ဒေါက်တာသိန်းအောင်က ပြောပါတယ်။

ဟောပြောမယ့်အကြောင်းအရာတွေက ကမ္ဘာအနှံ့နဲ့ မြန်မာက ငှက်မျိုးစုံမျိုးကွဲတွေ၊ ငှက်တို့ရဲ့ နေထိုင်မှုဘဝ၊ စာကျက်ဒေသနဲ့ ဒေဟစနစ်တွေ၊ ငှက်တို့ရဲ့ သဘာဝ ဂေဟဝန်ဆောင်မှု၊ ငှက်မျိုးစိတ် အခြေခံလေ့လာခွဲခြားနည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါဟောပြောပွဲကနေ မြို့ပြနဲ့ သဘာဝပတ်ဝန်းကျင်မှာ ကျက်စားတဲ့ ငှက်တွေကို သိရှိခြင်း၊ ငှက်တို့ရဲ့ နေထိုင်လှုပ်ရှားမှု ဂေဟစနစ်ကို တွေ့မြင်လေ့လာနိုင်ခြင်း၊ ငှက်ကြည့်ခြင်းရဲ့ အကျိုးကျေးဇူးနဲ့ သဘာဝဂေဟစနစ် ဝန်ဆောင်မှုအကျိုးတွေကို သိရှိခြင်း၊ ငှက်စားကျက်၊ အတူနေသတ္တဝါတို့ရဲ့ အစားကွက်ဆက်နဲ့ အစာကွန်ယက်တွေကို လေ့လာနိုင်ခြင်း၊ ငှက်တို့ရဲ့ ဘဝကို နားလည်းခြင်းနဲ့ သဘာဝနဲ့ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးမှာ ပါဝင်လာခြင်းတို့ လေ့လာသိရှိနိုင်မယ်လို့ ဆိုပါတယ်။

ငှက်ဝါသနာရှင်တွေအတွက် ငှက်ကြည့်ခြင်း ဟောပြောပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် စနေနေ့ညပိုင်း ၇ နာရီမှ ၉ နာရီအထိ Zoom အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး Zoom Meeting ID: 732 586 5920 နဲ့ Passcode: 13111983 တို့ကနေတဆင့် တက်ရောက်နိုင်တယ်လို့ သိရပါတယ်။

Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး