Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မှာ သားငှက်တိရစ္တာန်တွေ သားပေါက်ကာလ အမဲလိုက်၊ ဖမ်းဆီးသတ်ဖြတ်မှု မပြုလုပ်ဖို့ တားမြစ်ကန့်သတ်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲက ဒေသခံပြည်သူတွေအနေနဲ့ သားငှက်တိရစ္ဆာန်တွေရဲ့ မျိုးပွားသားပေါက် ကာလမှာ အမဲလိုက်သတ်ဖြတ်ခြင်း မပြုလုပ်ကြဖို့ ထန်တလန်မြို့နယ်ကောင်စီ/ CDF – ထန်တလန်က မတ်လ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

မတ်လ ၁ ရက်နေ မေလ ၃၁ ရက်အတွင်း တောငှက်တွေ အသိုက်ဆောက်လုပ်ချိန်၊ ဥ, ဥချိန်ဖြစ်တဲ့အတွက် ငှက်အသိုက် ဖျက်ဆီးခြင်း၊ ထောင်ခြောက်ဆင် ဖမ်းခြင်း၊ လေသေနတ်နဲ့ ပစ်ခတ်ခြင်းတွေ မပြုလုပ်ဖို့ တားမြစ်ကန့်သတ်လိုက်ပါတယ်။  

ဒါ့အပြင် ဧပြီလ ၁ ရက်နေ ဇွန်လ ၃၀ ရက်ဟာ တောရိုင်းတိရစ္ဆာန်တွေ ကိုယ်ဝန်ဆောင်ချိန်နဲ့ သားပေါက်ချိန်ဖြစ်တဲ့အတွက် အမဲလိုက်ခြင်း၊ ကျော့ကွင်းထောင်ခြင်းတွေကိုလည်း မပြုလုပ်ကြုဖို့ တားမြစ်ထားပါတယ်။

အဆိုပါကာလတွေမှာ ဒေသခံတွေအနေနဲ့ အမဲလိုက်ခြင်း မပြုုလုပ်ကြဖို့နဲ့ စည်းကမ်းချိုးဖောက်သူတွေကို သေနတ်၊ လေသေနတ်တွေက သိမ်းဆည်းသွားမှာဖြစ်သလို ဥပဒေအရလည်း အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

တောတောင်ထဲက သားငှက်တိရစ္ဆာန်တွေ လုံခြုံစွာ သားပေါက်နိုင်ရေးနဲ့ သဘာဝ အလှအပတွေ မပျောက်ပျက် စေဖို့အတွက် ထုတ်ပြန်ခြင်းဖြစ်ပြီး ထန်တလန်မြို့နယ်ကောင်စီ ထိန်းချုပ်နယ်မြေထဲရှိ ဒေသခံ ပြည်သူတွေ အားလုံးအကျုံးဝင်တယ်လို့ သိရပါတယ်။

ထန်တလန်မြို့နယ်ကောင်စီ/ CDF – ထန်တလန်ဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ စစ်ကော်မရှင်တပ်စခန်း နေရာမှာ လွဲလို့ ကျန်မြို့ပေါ်နဲ့ ဒေသအားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....