Connect with us

Hi, what are you looking for?

သတင်း

ဝါးခယ်မရှိ ဒေသခံထိန်းသိမ်းရေး ဧရိယာထဲ ကမ္ဘာ့ ရှားပါးစာဝါကျားငှက် ၈၀,၀၀၀ ကျော် တွေ့ရှိ၊ အရင်နှစ်ထက် ၁၀,၀၀၀ ကျော်တိုးလာ

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်ထဲရှိ ကျုံကပြင်- တက်ဆိပ်ဒေသခံသားငှက်ထိန်းသိမ်းရေး (KTCCA) ဧရိယာထဲ ကမ္ဘာမှာ ရှားပါးမျိုးစိတ်ဖြစ်တဲ့ စာဝါကျားငှက်တွေကို သုတေသနပြု ၊ စာရင်းကောက် ထိန်းသိမ်းနေရာ အခုနှစ်မှာ ကောင်ရေ ရှစ်သောင်းကျော် တွေ့ရှိရပြီး အရင်နှစ်ကထက် တစ်သောင်းဝန်းကျင် ပိုတိုးလာတယ် လို့ သိရပါတယ်။

KTCCT ထိန်းသိမ်းရေး ဧရိယာထဲမှာ ဆောင်းခိုငှက် မျိုးစိတ်ဖြစ်တဲ့ စာဝါကျား ငှက်မျိုးစိတ်ကို စာရင်း ကောက်ယူခြင်းလည်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကောင်ရေ ၇၀,၀၀၀ ကျော် မှတ်တမ်းတင်ပြုစုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ်အတွက် ၂၀၂၅ အောက်တိုဘာလကနေ ၂၀၂၆ ဖေဖော်ဝါရီလကုန်အထိ စာရင်းကောက်ယူရာမှာ ငှက်ကောင်ရေ ၈၀,၀၀၀ ကျော် မှတ်တမ်းတင် တွေ့ရှိရတဲ့အတွက် အရင်နှစ်ကထက် ငှက်ကောင်ရေ ၁၀,၀၀၀ ကျော် တိုးလာတယ်လို့ ဆိုပါတယ်။

စာဝါကျား (ခေါ်) Yellow- breasted Bunting) ငှက်မျိုးစိတ်ဟာ ကမ္ဘာမှာ မျိုးသုဉ်းလုနီးပါး အန္တရာယ်ရှိ မျိုးစိတ် – CR အဖြစ် သတ်မှတ်ခံထားရတဲ့ ရှားပါးငှက်မျိုးစိတ်ဖြစ်တယ်လို့ သိရပါတယ်။

ကျုံကပြင်- တက်ဆိပ်ဒေသခံသားငှက်ထိန်းသိမ်းရေး (KTCCA) ဧရိယာထဲ ကမ္ဘာမှာသာ မက မြန်မာမှာလည်း ရှားပါးမျိုးစိတ်ဖြစ်တဲ့ ကြိုးကြာခေါင်းနီငှက်မျိုးစိတ်နဲ့ ကိုင်းစွေ့ငှက်မျိုးစိတ်တို့ ရှင်သန်ကျက်စားနေသလို အခုနှစ် ဆောင်းခိုငှက်ရာသီမှာ အဆိုပါဧရိယာထဲ ဆောင်းခိုငှက် ၆၃ မျိုးနဲ့ ဌာနေမျိုးစိတ်ငှက် ၁၀၆ မျိုး တွေ့ရှိရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ ကျုံကပြင်ကျေးရွာ အုပ်စုထဲရှိ မြေဧက ၃,၀၀၀ ကျော် အကျယ်အဝန်းမှာ KTCCA အဖြစ် သတ်မှတ်တည်ထောင်ထားတယ်လို့ သိရပါတယ်။

ဒေသခံတွေ ဦးဆောင်ထိန်းသိမ်းနေတဲ့ KTCCA ဧရိယာအတွင်း သဘာဝပတ်ဝန်းကျင်နဲ့ ရှားပါးသားငှက်တိရစ္ဆာန်တွေကို လေ့လာလိုသူတွေအနေနဲ့ လာရောက်လည်ပတ်ကြဖို့ အဆိုပါထိန်းသိမ်းရေးအဖွဲ့က ဖိတ်ခေါ်နေတာကို တွေ့ရှိရပါတယ်။

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....