Connect with us

Hi, what are you looking for?

သတင်း

ရက် ၁၀၀ စီမံချက်အနေနဲ့ တောင်သူလယ်သမားတွေကို ချေးငွေတိုးမြှင့် ထုတ်ပေးမယ်

မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်အစိုးရသစ်က ရက် ၁၀၀ ဦးစားပေးစီမံချက်တွေထဲမှာ တောင်သူလယ်သမားတွေကို ချေးငွေနှုန်းထား တိုးမြှင့်ရေးစီမံချက်အဖြစ် ချေးငွေတိုးမြှင့်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ဧပြီလ ၂၀ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အသွင်ပြောင်း စစ်အစိုးရသစ်ရဲ့ ပထမဆုံအကြိမ်း အစည်းအဝေးမှာ ငါးနှစ်တာ ကာလ လုပ်ဆောင်မယ့် မူဝါဒနဲ့ ရက်ပေါင်း ၁၀၀ အတွင်း ဦးစားပေးလုပ်ငန်းမူဝါဒတွေနဲ့ပတ်သက်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောဆိုရာမှာ အဲဒီလို အသိပေးလာခြင်းဖြစ်ပါတယ်။

ဒီနေ့မှ ဇူလိုင်လ ၃၁ ရက်အထိ ရက်ပေါင်း ၁၀၀ အတွင်း အာဏာသိမ်း စစ်အစိုးရသစ်ဟာ တောင်သူလယ်သမားတွေကို ချေးငွေတိုးမြှင့်ထုတ်ပေးသွားမှာဖြစ်ပြီး စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါ တို့နဲ့ပတ်သက်လို့ ၁ ဧက သုံးသိန်းကျပ်၊ အခြားသီးနှံ ၁၈ မျိုးကို ၁ ဧက နှစ်သိန်းခွဲကျပ်၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်တို့နဲ့ ပတ်သက်လို့ ၁ ဧက တစ်သိန်းခွဲကျပ်အထိ တိုးမြှင့်ပေးသွားမယ်လို့ ဆိုပါတယ်။

လယ်ယာသုံးစက်ကိရိယာချေးငွေနဲ့ပတ်သက်လို့ ကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍပေးသွားမှာဖြစ်ပြီး ကျပ်သိန်း ၃၀၀၀ အထက် ဖြစ်ပါက တစ်ကဏ္ဍသတ်မှတ်ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်အစိုးရရဲ့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ ကျေးလက်ရေ ရရှိရေး၊ ဆိုလာရေတင်စနစ်နဲ့ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ရရှိရေးလုပ်ငန်းတို့ကို ဆောင်ရွက်ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရရဲ့ ၅ နှစ်တာအတွင်း ကျေးလက်နေ ပြည်သူ ၇၀ % ရဲ့ မိသားစုဝင်ငွေ တိုးတက်စေရေး စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံတဲ့ MSME လုပ်ငန်းတွေကို အားပေးသွားမယ်လို့လည်း သိရပါတယ်။

သတင်း

ရခိုင်ဒေသခံပြည်သူတွေအနေနဲ့ အိမ်သုံး၊ လယ်ယာလုပ်ငန်းသုံး၊ ငါးဖမ်းလုပ်ငန်းသုံးတွေအတွက် တစ်နှစ်ကို သစ် ၁ တန် အခွန်လွတ် ထုတ်ယူသုံးစွဲခွင့် ပြုတယ်လို့ ULA/AA ရဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကြေညာပါတယ်။ ဒေသခံပြည်သူတွေကို စီးပွားဖြစ် ထုတ်ယူသုံးစွဲခွင့် ပြုမှာ မဟုတ်ကြောင်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲရေးဌာနရဲ့ ဧပြီလ...