Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ဘတ် ၁၀ သန်းခန့် တန်ဖိုးရှိတဲ့ အာဖရိကဆင်စွယ်ပစ္စည်းတွေကို လူ ၉ ဦးနဲ့အတူ ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၊ ဒေသခရိုင် ၇ ခုမှာ ဆင်စွယ်မှောင်ခိုကုန်ကူးမှုနဲ့ သံသယရှိသူ ၉ ဦးတို့ကို ဘတ် ၁၀ သန်းနီးပါး တန်ဖိုးရှိတဲ့ အာဖရိကဆင်စွယ် ၂၅၀ ကီလိုဂရမ်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

မေလ ၇ ရက်က ထိုင်းနိုင်ငံ ချန်သဘူရီ၊ ချွန်ဘူရီ၊ ချွန်ဖွန်း၊ ကမ်ဖိုင်ဖက်၊ စမွတ်ဆာခွန်၊ ဆောင်ခလာနဲ့ အုထိုင်းဌာနီ စတဲ့ ဒေသခရိုင် ၇ ခုက နေရာပေါင်း ၁၁ နေရာကို ထိုင်းအာဏာပိုင်တွေက တစ်ပြိုင်တည်း ဝင်ရောက်စီးနင်းရာမှာ ဖမ်းဆီးရမိခြင်းဖြစ်ပါတယ်။

အာဖရိကဆင်စွယ်ပစ္စည်းတွေဟာ ဗီယက်နမ်နိုင်ငံကို ပင်လယ်ရေကြောင်းမှ ရောက်ရှိလာပြီး ယင်းမှတဆင့် ထိုင်းနိုင်ငံထဲကို မဲခေါင်မြစ်ကို အသုံးပြုပြီး မှောင်ခိုသွင်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။

အာဖရိက ဆင်စွယ်တွေကို ဓါးရိုး၊ ဘုရားဆင်းတုတော်အဆောင်တွေနဲ့ စိပ်ပုတီ စတဲ့ ပစ္စည်းတွေ ဖန်တီးပြုလုပ်ပြီး Khiaw Nga Khrueang Rang Chak Sat” ဆိုတဲ့ ဖေ့ဘွတ်ဂရုမှာ တရားမဝင် ရောင်းဝယ်နေမှုကို စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးနိုင်ခဲ့ဖြင်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အဲဒီဆင်စွယ်ပစ္စည်းရောင်းဝယ်ရေးအဖွဲ့ကို လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ဖွဲ့စည်းခြင်းကို တွေ့ရှိရပြီး စုစုပေါင်း အရောင်းအဝယ်ပမာဏ ဘတ် ၁၀ န်းခန့် ရှိခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက ထိုင်းသတင်းဌာနတွေကို ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူ ထိုင်းနိုင်ငံသား ၉ ဦးဟာ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထားပြီး ဆင်စွယ် ထုတ်ကုန်တွေ နဲ့အတူ ဆက်စပ်ပစ္စည်းကိရိယာတွေကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိတဲ့ ပစ္စည်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ ဘတ် ၉.၉ သန်းခန့် ရှိတယ်လို့ သိရပါတယ်။

ဆင်စွယ်တွေ မှောင်ခိုရောင်းဝယ်မှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဗီယက်နမ်လူမျိုးတွေကိုပါ ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုတွေ တိုးချဲ့ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အာဖရိက ဆင်စွယ်တွေကို ထိုင်းနိုင်ငံမှာ လက်ဝယ်ထားရှိခွင့်၊ ရောင်းဝယ်ခွင့် စတဲ့အရာတွေကို ဥပဒေနဲ့ တားမြစ်ကန့်သတ်ထားကြောင်း၊ လက်ရှိဖမ်းဆီးရမိမှုတွေကိုလည်း အမှုပြီးပြတ်တဲ့အခါမှာ ဖျက်းဆီးသွားမှာဖြစ်ကြောင်း သိရပါတယ်။