Connect with us

Hi, what are you looking for?

သတင်း

မြန်မာလူထုရဲ့ စားနပ်ရိက္ခာအတွက် ယူရို ၈ သန်း အချိန်မီ ကူညီမယ်လို့ EUနဲ့ WFP ကြေညာ

မြန်မာနိုင်ငံတဝန်းမှာ ပိုမိုဆိုးရွားလာတဲ့ စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဥရောပသမဂ္ဂ (EU) က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ကနေတစ်ဆင့် ယူရို ၈ သန်းကို အချိန်မီ ထောက်ပံ့ကူညီမယ်လို့ ဒီနေ့ မေလ ၁၈ ရက်မှာ ကြေညာပါတယ်။

“မြန်မာရဲ့ လူသားချင်းစာနာမှုအခြေအနေတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလို ပြည်တွင်း အကြောင်းရင်း တွေပေါ်မှာပဲ အခြေခံနေတာ မဟုတ်တော့ပါဘူး။ အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်ချက်တွေဟာ လည်း စျေးဆိုင် တွေ၊ လယ်ယာစိုက်ခင်းတွေနဲ့ မိသားစုတွေဆီကိုပါ တိုက်ရိုက် သက်ရောက်လာနေပြီဖြစ်ပါတယ်။ ကျနော်တို့ အချိန်မီ အကူအညီတွေ ပေးအပ်နိုင်မှာဖြစ်ပြီး၊ အရာရာဆုံးရှုံးထားရတဲ့ မိသားစု တွေအနေနဲ့ နလန်ပြန်မထူနိုင်တော့တဲ့ အခြေအနေအထိ တွန်းပို့မခံရစေအောင် ကာကွယ်ပေးနိုင်မှာပါ” လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောပါတယ်။

အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးမှာ အခြေခံကုန်ဈေးနှုန်းတွေ သိသိသာသာမြင့်တက်လာနေပြီး ပဋိပက္ခဒေသတွေမှာ ဈေးနှုန်းမြင့်တက်မှုက အမြင့်ဆုံးဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

ပျမ်းမျှအခြေခံစားသောက်ကုန်ဈေးနှုန်းဟာ နိုင်ငံအနှံ့ ၁၈ ရာခိုင်နှုန်းမြင့်တက်နေပြီး မကွေးမှာ ၃၈ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်နေသလို ကရင်နဲ့ ရခိုင်မှာ ၃၂ ရာခိုင်နှုန်းနဲ့ ၃၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်နေပါတယ်။

ဒီနေ့ မြန်မာလူထုအခြေအနေဟာ လူ ၄ ဦးမှာ ၁ ဦးနှုန်းနဲ့ နိုင်ငံလူဦးရေ ၁၂. ၄ သန်းဟာ လတ်တလော ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရပြီး လူဦးရေ ၃.၇ သန်းဟာ ပဋိပက္ခစစ်ပွဲတွေကြောင်း နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

ငွေကြေးနွမ်းပါးတဲ့ မိသားစုတွေဟာ အခုလို ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အခြေခံစားသောက်ကုန်တွေကိုပင် ဝယ်ယူစားသောက်နိုင်ဖို့ လက်လှမ်းမမီနိုင်တဲ့ အခြေအနေကို တွန်းပို့နေတယ်လို့ EU နဲ့ WFP က ပူးတွဲ အသိပေးပါတယ်။

လူထုရဲ့ အကျပ်အတည်းတွေဟာ လာမယ့် မိုးသီးနှံ စိုက်ပျိုးရာသီကိုလည်း ခြိမ်းခြောက်လျက်ရှိပြီး မြေဩဇာဈေးနှုန်း မြင့်တက်နေမှုနဲ့ ရရှိမှု အကန့်အသတ်တွေကြောင့် တောင်သူတွေကို မြေဩဇာအသုံးပြုမှုကို လျှော့ချနေရပါတယ်။

မြေဩဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်း လျော့နည်းပါက နိုင်ငံတဝန်းရှိ စိုက်ပျိုးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပြီး အကျိုးဆက်အနေနဲ့ ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်စေကာ ၂၀၂၇ ခုနှစ်ထဲ နိုင်ငံရဲ့ စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ EU နဲ့ WFP က ပူးတွဲသတိပေးပါတယ်။

လက်ရှိ ထောက်ပံ့ကူညီငွေ ယူရို ၈ သန်းဟာ ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေး အခက်အခဲနဲ့ ပိုမိုဆိုးရွားလာတဲ့ စားနပ်ရိက္ခာအခက်အခဲတို့ကြောင့် ထိခိုက်ခံစားနေရတဲ့ မိသားစုတွေကို အရေးပေါ်စားနပ်ရိက္ခာ အကူအညီတွေ ပေးအပ်မယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေအတွက် အထူးအာဟာရ အထောက်အပံ့တွေလည်း ပေးအပ်မှာဖြစ်ပြီး စားနပ်ရိက္ခာ ဖူလုံရေးအတွက် အဖွဲ့အစည်းတွေကြား ပေါင်းစပ်ညှိနှိုင်းမှုတွေကိုလည်း မြှင့်တင်နိုင်မယ်လို့ သိရပါတယ်။

သတင်း

တအာင်းတပ် (PSLF/ TNLA) ထိန်းချုပ်ထားတဲ့ တအာင်းပြည်နယ်မြေအတွင်း၊ ကျေးရွာတွေနဲ့ အနီးပတ်ဝန်းကျင် တွေမှာ ကြက်၊ ဝက် အစရှိတဲ့ အိမ်မွေး တိရစ္ဆာန်တွေ အစုလိုက်အပြုံလိုက် ရုတ်တရက်သေဆုံးမှုတွေ ဖြစ်ပွားနေပါက အထူးသတိပြုကြဖို့ တအာင်းပြည် ကျန်းမာရေးကောင်စီ (THC)က အသိပေးထုတ်ပြန်ပါတယ်။ ဒီနေ့ မေလ ၁၉...