Connect with us

Hi, what are you looking for?

Untitled design - 1

သတင်း

ရုရှား၊ တရုတ်က စစ်အုပ်စု၊ “ဝ”တပ်တို့နဲ့ ပူးပေါင်းပြီး ရှမ်း၊ မိုင်းတုံမှာ အကြီးစား အဖြိုက်နက်သတ္တုတူးဖော်မှု စတင်ပြုလုပ်

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းမှာ ရုရှားနဲ့ တရုတ်တို့ဟာ အာဏာသိမ်း စစ်အုပ်စုနဲ့ UWSA “ဝ” တပ်ဖွဲ့တို့နဲ့ ပူးပေါင်းပြီး အကြီးစား အဖြိုက်နက်သတ္တူ တူးဖော်မှုတွေ စတင်ပြုလုပ်နေတယ်လို့ ရှမ်းလူ့အခွင့်အရေးအဖွဲ့ (SHFR) က ဒီနေ့ ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

လွယ်ချီလိတ်တောင်တန်းရဲ့ တောင်ဘက်မှာ တရုတ်ကုမ္ပဏီတစ်ခုက “ဝ” တပ် (UWSA) နဲ့ ပူးပေါင်းပြီး အကြီးစား အဖြိုက်နက်သတ္တုတွင်းတစ်ခုကို မကြာသေးမီက စတင်လည်ပတ်ခဲ့သလို ရုရှားကုမ္ပဏီတစ်ခုဟာလည်း စစ်အုပ်စုနဲ့ ပူးပေါင်းပြီး အဆိုပါတောင်တန်းရဲ့ မြောက်ဘက်မှာ အဖြိုက်နက်သတ္တူ တူးဖော်မှုကို စတင်ပြင်ဆင်နေပါတယ်။

“ဝ”တပ်နဲ့ တရုတ်ကုမ္ပဏီတို့ဟာ အဆိုပါတောင်တန်းမှာ သတ္တူတူးဖော်ရန် ပြင်ဆင်မှုတွေကို ၂၀၂၁ စစ်အာဏာသိမ်းပြီး တစ်နှစ်အကြာ ၂၀၂၂ မှာ တရုတ်အင်ဂျင်နီယာတွေက စတင်လာခြင်းဖြစ်ပြီး ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်မှာ သတ္တုတွင်းနေရာ တွေကို ကားလမ်းဖောက်မှုနဲ့ မြေအောက်လိုဏ်ဂူ တူးဖော်မှုတွေ ပြုလုပ်တယ်လို့ SHRF ထံမှ သိရပါတယ်။

အဆိုပါသတ္တူတွင်းတွေအတွက် သတ္တုသန့်စင်စက်ရုံတွေကို လက်ရှိမှာ တည်ဆောက်ထားပြီးဖြစ်သလို ဖတ်ဂွတ်ချောင်း ပေါ်မှာလည်း ရေလှာင်တမံတစ်ခု တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။

သတ္တူတွင်း လုပ်ငန်းခွင်မှာ မန်နေဂျာနဲ့ ကျွမ်းကျင်ပညာတွေ အများစုအဖြစ် တရုတ်ဝန်ထမ်း ၁၀၀ ခန့်နဲ့ ရှမ်းနဲ့ ဗမာ အလုပ်သမား ၂၅၀ ခန့်ရှိပြီး အလုပ်သမားတွေဟာ တစ်လကို ကျပ် သုံးသိန်းမှ ငါးသိန်း၊ ဘတ်ဟိုးမြေတူးစက် မောင်းသူမှာ တစ်နာရီ ဘတ် ၁၀၀ မှ ၃၀၀ ရရှိကာ မြေအောက်သတ္တုတွင်း အလုပ်သမားတွေက မြေစာခဲတစ်ခေါက် သယ်ရင်း ဘတ် ၂၀၀ မှ ၄၀၀ ရရှိတယ်လို့ SHRF ထံမှ သိရပါတယ်။

တူးဖော်ရရှိတဲ့ မြေစာခဲတွေကို သတ္တုသန့်စင်ပြီး ရရှိလာတဲ့ အမှုန့်တွေကို ဆာလာအိတ်တွေထဲ ထည့်ကာ တရုတ်နိုင်ငံသို့ အခုနှစ် ၂၀၂၆ ဖေဖော်ဝါရီလမှ စတင် တင်ပို့နေပြီဖြစ်တယ်လို့ သိရပါတယ်။

ယင်းကုန်တွေကို ၁၂ ဘီးကုန်ကားတွေနဲ့ တာချီလိတ်နဲ့ မိုင်းဖြတ်တို့ကို ဖြတ်သန်းပြီး မိုင်းလားရှိ တရုတ်နယ်စပ်သို့ သယ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

မိုင်းကျွတ်ကျေးရွာအုပ်စုထဲမှာ တည်ရှိတဲ့ လွယ်ချီလိတ်သတ္တူတွင်းမှာ အဖြိုက်နက် တူးဖော်မှုက အဓိက ဖြစ်ပေမယ့် ရွှေနဲ့ ခဲသတ္တုသိုက်တွေကိုလည်း ရှာဖွေ တွေ့ရှိထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီး SHRF က ထုတ်ပြန်ပါတယ်။

၂၀၂၆ ဖေဖော်ဝါရီလမှာ စတင်ထုတ်လုပ်တဲ့ တရုတ်နဲ့ ဝတပ်ရဲ့ အဆိုပါအဖြိုက်နက်သတ္တုတွင်းအသစ်တွေကြောင့် ဒေသခံလူထုဟာ ကျန်းမာရေးနဲ့ စိုက်ပျိုးရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအပေါ် ဆိုးဝါးတဲ့ အကျိုးသက် ရောက်မှုတွေ စတင်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

မိုင်းကျွတ်ကျေးရွာဟာ UWSA နဲ့ မြန်မာစစ်တပ်တို့ ပူးတွဲ ထိန်းချုပ်မှုအောက်မှာ ရှိပြီး UWSA ရဲ့ တပ်မဟာ (၇၇၂) ဟာ မိုင်းကျွတ်မှာ အကြီးစား စစ်သင်တန်းကျောင်းတစ်ခု ဖွင့်ထားသလို၊ စစ်တပ်ရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရဲ့ ခလရ/ ခမရမှ တပ်ရင်းတွေလည်း ရှိတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် မေလမှ စတင်ပြီး ရုရှားကုမ္ပဏီတစ်ခုလည်းဟာ လွယ်ချီလိတ်တောင်ရဲ့ မြောက်ဘက်မှာ အဖြိုက်နက်တူးဖော်ရန် ပြင်ဆင်မှုတွေ စတင်ဆောင်ရွက်ခဲ့ကာ စစ်အုပ်စုက သတ္တူးတူးဖော်မှု ခွင့်ပြုမိန့်ပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။

ရုရှားကုမ္ပဏီဟာ အဆိုပါခဲမဖြူသတ္တူတွင်းရဲ့ မြောက်ဘက် ၁၅ ကီလိုမီတာခန့် အကွာမှာလည်း ခနောက်စိမ်း (Antimony) တူးဖော်ခွင့် ရရှိထားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီး SHRF က ထုတ်ပြန်ပါတယ်။

“ယခုစီမံကိန်းများသည် ရှမ်းပြည်အရှေ့ပိုင်းတွင် လူသိရှင်ကြား ဖြစ်လာမည့် ပထမဆုံးသော ရုရှားသတ္တုတူးဖော်ရေး စီမံကိန်းများ ဖြစ်လာမည်” လို့ SHRF က ဆိုပါတယ်။

သတင်း

တအာင်းတပ် (PSLF/ TNLA) ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ်ရှိ ခိုဖိတ်၊ မိုင်းဆင်နဲ့ ဘော်တွင်းကျေးရွာတွေအကြားက လမ်းပိုင်းတလျှောက်မှာ သစ်ပင်နဲ့ ပန်းပင်ပေါင်း ၁၂,၀၀၀ ကျော် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ ဒေသအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး လုပ်ငန်းစဉ်အတွင်း စိန်ပန်းပင်၊ ချယ်ရီပင်၊ ကုက္ကိုလ်ပင်နဲ့ ပန်းတောက်ပင်တွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး...