Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာမသိမ်းမီ ၂၀၂၀ က နီလာရိုင်းတုံးကြီး ၂ တုံးကို မိုးကုတ်မှာ ရှာဖွေတွေ့ရှိလို့ စစ်တပ်အစိုးရ ထုတ်ပြန်

အာဏာမသိမ်းမှီ ၂၀၂၀ ခုနှစ်က မိုးကုတ်ရတနာမြေမှာ ထူးခြားလှပပြီး အရွယ်အစားကြီးမားတဲ့ နီလာအရိုင်းတုံးကြီး ၂ တုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး ၆ နှစ်အကြာမှာ အာဏာသိမ်းအသွင်းပြောင်းစစ်တပ်အစိုးရထံကို လာရောက်အပ်နှံခဲ့တယ်လို့ စစ်တပ်အစိုးရရဲ့ ပြန်ကြားရေးက ဒီနေ့ ဇွန်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) နဲ့ နီလာပုံဆောင်ခဲ ၃၅၄ ဒသမ ၇၇ ဂရမ် (၁၇၇၃ ဒသမ ၈၅ ကရက်)တို့ကို စစ်တပ်အစိုးရထံ လာရောက်အပ်နှံတယ်လို့ ထုတ်ပြန်ထားပြီး ဘယ်သူက ဘယ်အချိန်မှာ လာရောက် အပ်နှံတယ်လို့ ဖော်ပြခြင်း မရှိသေးပါ။

ယခင် ၂၀၀၉ ခုနှစ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စစ်အစိုးရလက်ထက်က အလေးချိန် ၁၁,၈၇၇ ဂရမ် (၅၉,၃၈၅ ကရက်)ရှိတဲ့ နီလာရိုင်းတုံးကို ရှာဖွေတွေ့ရှိခဲ့ပြီး အခုတွေ့ရှိရတဲ့ နီလာရိုင်းတုံးကြီးက အလေးချိန် ၁၄၃၀၀ ဂရမ် (၇၁,၅၀၀ ကရက်) ရှိတဲ့အတွက် အရွယ်အစားကြီးမားတာကြောင့် ရှာဖွေတွေ့ရှိဖို့ ခက်ခဲကာ ရှားပါတယ်လို့ စစ်တပ်အစိုးရရဲ့ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

အခုတွေ့ရှိတဲ့ နီလာရိုင်းတုံးကြီးဟာ အပြာရင့်ရောင်ဖြစ်ပြီး အလင်းပေါက်မှုအနေနဲ့ အလင်း မှုန်အဆင့်နေသလို  ပြုပြင်ထားခြင်းမရှိသေးတဲ့ သဘာဝ နီလာရိုင်းတုံးကြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါနီလာရိုင်းတုံးတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ပြီး စစ်တပ်အစိုးရက ထိပ်ပိုင်းခေါင်းဆောင်တွေက နိုင်ငံတော်သမ္မတရုံး၊ ဧည့်ခန်းမဆောင်မှာ ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။

မေးမြန်းခန်း

UWSA ဝတပ်နဲ့ တရုတ်ကုမ္ပဏီတစ်ခုတို့ ရှမ်းအရှေ့၊ မိုင်းတုံမြို့နယ်၊ လွယ်ချီလိတ်တောင်မှာ အာဏာသိမ်းပြီး တစ်နှစ်အကြာ အဖြိုက်နက်သတ္တုတူးဖော်မှု စီမံကိန်းတွေကို စတင်ခဲ့ပြီးတော့ ၂၀၂၆ ဖေဖော်ဝါရီလမှ စတင်လို့ တရုတ်ကို အလုံးအရင်းနဲ့ သတ္တုမြေစာ တင်ပို့နေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ (SHRF) က ထုတ်ပြန်လာပါတယ်။ “တရုတ်နဲ့ ရုရှားတို့...