Connect with us

Hi, what are you looking for?

သတင်း

ဇူလိုင် ၉ ရက်မှ ၁၆ ရက်အထိ တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ မိုးကြီးနိုင်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းလာနိုင်ခြင်းကြောင့် ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ နိုင်ငံတဝန်း တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်း (အရှေ့ပိုင်း) စတဲ့ တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာစိပ်စိတ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလဌာနက ဇူလိုင်လ ၈ ရက် နံနက် ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြေင်တွေ ကျရောက်နိုင်ပြီး လှိုင်ကြီးနိုင်သလို မိုးသက်လေပြင်ကျစဉ် ရေပြင်နဲ့ လေပြင်လေဟာ တစ်နာရီကို မိုင် ၃၀ ကနေ ၃၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်မှာ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၈ ပေ မှ ၁၀ ပေခန့်အထိ ရှိနိုင်ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုင်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနဲ့ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့် ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်ကို သတိပြု နေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဒါ့အပြင် မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေ အနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုနိုင်ဖို့နဲ့ ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာတွေ၊ သင်္ဘောတွေ အနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ အသိပေးထားပါတယ်။