ထိုင်းနိုင်ငံတဝန်းရှိ တောတောင်တွေထဲမှာ အရွယ်ရောက်ပြီး တောရိုင်းကျားကောင်ရေ ခန့်မှန်းခြေ ၂၁၀ ကနေ ၂၅၇ ကောင်ရေအကြား တိုးလာနေတယ်လို့ သိရပါတယ်။
နောက်ဆုံးရ တစ်နိုင်ငံလုံးအတိုင်းအတာ တောရိုင်းကျားကောင်ရေ စစ်တမ်းအရ ဇူလိုင်လ ၂၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာကျားထိန်းသိမ်းရေးနေ့ (International Tiger Day) မှာ ထုတ်ပြန်ချက်ခဲ့ခြင်းဖြစ်ပါတယ်။
ထိုင်းနိုင်ငံတဝန်းက ဘေးမဲ့တော ၂၆ ခုမှာ တစ်ကောင်စီချင်းစီအလိုက် ကျားကောင်ရေ ၂၁၀ ကို သုတေသနသမားတွေက ခွဲခြားသတ်မှတ်နိုင်ခဲ့ပြီး ဟွိုင်ခါခဲန်း (Huai Kha Khaeng) တောရိုင်းတိရစ္ဆန် ဘေးမဲ့တောဟာ ကျားကောင်ရေ အများဆုံးနေထိုင်ကျက်စားရာအဖြစ် တွေ့ရှိရကာ ခွဲခြားသတ်မှတ်နိုင်တဲ့ တောရိုင်းကျားကောင်ရေ ၁၀၀ အထိ တွေ့ရှိရပါတယ်။
၂၀၂၅- ၂၀၂၆ ခုနှစ်အတွင်း ကောက်ယူခဲ့တဲ့ ကင်မရာထောင်ချောက် အချက်အလက်တွေအပေါ် အခြေခံထားတဲ့ အဆိုပါစစ်တပ်ကနေ ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှရှိ တောရိုင်းကျားတွေအတွက် နောက်ဆုံး ကျန်ရှိနေတဲ့ ခိုလှုံရာနယ်မြေတွေထဲက တစ်ခုအဖြစ် ညွှန်ပြနေပါတယ်။
ထိုင်းနိုင်ငံမှာ ကျားတွေကို IUCN Red List အရ မျိုးသုဉ်းရန် အန္တရာယ်ရှိတဲ့ မျိုးစိတ်အဖြစ် ဆက်လက် သတ်မှတ်ထားဆဲဖြစ်ပါတယ်။












































