Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေပြဌာန်းချက်မှာ အဏ္ဏာဝါ‌ဂေဟစနစ် ထိန်းသိမ်းရေး ပုဒ်မ ၁၀ ခုကျော် ပါဝင်

Myanmar Nature

နွေဦးတော်လှန်ရေး ၄ နှစ်ကျော်လာချိန်မှာ အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ရေး ဥပဒေပြဌာန်းလိုက်ပြီး အဆိုပါဥပဒေထဲမှာ အဏ္ဍဝါပတ်ဝန်းကျင်နဲ့ ဂေဟစနစ်၊ ရေထုညစ်ညမ်းမှုနဲ့ ပတ်သက်လို့ ပုဒ်မ ၁၀ ခုကျော်ကို ထည့်သွင်းကာ လုပ်ပိုင်ခွင့်ပေးထားပါတယ်။

အဆိုပါဥပဒေကို အခန်း ၁၃ ခန်း၊ ပုဒ်မပေါင်း ၄၇ ခုနဲ့အတူ ဇူလိုင်လ ၁၇ ရက်မှာ အတည်ပြုပြဌာန်းတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က လက်မှတ်ထိုးထုတ်ပြန်ပါတယ်။

စစ်ကောင်စီ လက်အောက်က ကမ်းခြေစောင့်တပ်ဖွဲ့ကို တာဝန်နဲ့ လုပ်ပိုင်ခွင့် ၁၂ ချက် သတ်မှတ်ပေးထားပြီး အဆိုပါလုပ်ပိုင်ခွင့် ကျယ်ပြန်တဲ့ အချက်တွေထဲမှာ အဏ္ဍဝါပတ်ဝန်းကျင်နဲ့ အဏ္ဍဝါဂေဟနစ်တွေ ပျက်စီးဆုံးရှုံးမှု မရှိစေရေး တားဆီးကာကွယ်ခြင်း၊ အဏ္ဏဝါပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရေထုညစ်ညမ်းမှု ကာကွယ်တားဆီးခြင်းတို့နဲ့ စပ်လျင်းပြီး အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်းလည်း ပါဝင်ပါတယ်။

အဆိုပါဥပဒေထဲမှာ အဏ္ဏဝါသဘာဝသယံဇာတ၊ ရှားပါးမျိုးစိတ်၊ အဏ္ဏဝါပတ်ဝန်းကျင်၊ အဏ္ဏဝါဂေဟစနစ်၊ ပင်လယ်ပြင်ညစ်ညမ်းမှု၊ ပင်လယ်ပြာစီးပွားရေး၊ အဏ္ဏဝါသဘာဝသယံဇာတဆိုင်ရာပြစ်မှု နဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ဆိုင်ဘာခြိမ်းခြောက်မှု စတဲ့ အကြောင်းချင်းရာတွေလည်း ပါဝင်နေပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ကမ်းခြေစောင့်တပ်ဖွဲ့ကို ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ထည့်သွင်းဖွဲ့စည်းထားပါတယ်။

မြန်မာနိုင်ငံကမ်းခြေစောင့်တပ်ဖွဲ့ဥပဒေဟာ နွေဦးတော်လှန်ရေးနဲ့အတူ လက်နက်ကိုင်ခုခံတော်လှန်းမှု အားကောင်းနေချိန်၊ စစ်ကောင်စီဟာ မြို့ရွာနဲ့ စစ်စခန်းတွေကို လက်လွတ်နေရချိန်မှာ အဏ္ဏဝါဂေဟနဲ့ပင်လယ်ပြင် ထိန်းသိမ်းကာကွယ်ရေး၊ သယံဇာတထုတ်ယူရေးအပြင် စစ်ရေးလုပ်ပိုင်ခွင့် ကျယ်ပြန့်စွာ ပါဝင်ထည့်သွင်းထားတဲ့အတွက် အများပြည်သူလေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Click to comment