Connect with us

Hi, what are you looking for?

သတင်း

စီမံကိန်း ၁၄ ခုအတွက် စစ်အစိုးရကို တရုတ်က ဒေါ်လာ ၃ သန်းကျော် ပေး

မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၅) အစီအစဉ်အနေနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် စီမံကိန်း ၁၄ ခုအတွက် အမေရိကန်ဒေါ်လာ ၃.၃ သန်းကို စစ်ကော်မရှင်ရဲ့ အစိုးရအဖွဲ့ထံ တရုတ်အစိုးရက ပေးအပ်ပါတယ်။

၂၀၂၅ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အရ စိုက်ပျိုးရေးနည်းပညာ၊ သိပ္ပံနဲ့ နည်းပညာ၊ ယဉ်ကျေးမှု ဖလှယ်မှု၊ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ ဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်ရေးကြောင်း သွားလာမှု စတဲ့ နယ်တွေထဲက စီမံကိန်း ၁၄ ခုကို စစ်ကောင်စီရဲ့ စစ်အစိုးရဝန်ကြီးဌာန ၉ ခုက အကောင်အထည်ဖော်သွားမယ်လို့ ဆိုပါတယ်။

မနေ့ ဩဂုတ်လ ၅ ရက်က နေပြည်တော် Park Royal ဟော်တယ်မှာ စီမံကိန်းတွေအတွက် ရန်ပုံငွေ လွှဲပြောင်းမှု လက်ခံလွှာ သဘောတူညီချက်ကို တရုတ်သံမတ် မစ္စမာကျားနဲ့ စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးဌာနတို့ လက်မှတ်ထိုးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်မှ စတင်လို့ တရုတ်နိုင်ငံမှာ မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအောက်မှာ မြန်မာကို အမေရိကန်ဒေါ်လာ ၃၈. ၃ သန်း ထောက်ပံ့ပေးအပ်ထားပြီဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မဲခေါင်း- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေနဲ့ မြန်မာမှာ ၂၀၁၈ ခုနှစ်မှ စတင်လို့ စီမံကိန်းပေါင်း ၁၃၂ ခုကို ရရှိခဲ့ပြီး မဲခေါင်နိုင်ငံတွေအနက် အရေအတွက် အများဆုံး ရရှိထားတယ်လို့ ဆိုပါတယ်။

3 Comments

သတင်း

ဓါတ်မြေဩဇာ၊ စက်သုံးဆီ (ဒီဇယ်ဆီ)နဲ့ သဘာဝဓါတ်ငွေ့ တင်သွင်းမှုတွေကို ဇွန်လ ၁ ရက်ကနေ ၃၀ ရက်အထိ အခွန်ကင်းလွတ်ခွင့် ပြုပေးသွားမယ်လို့ အသွင်ပြောင်း စစ်တပ်အစိုးရက ကြေညာပါတယ်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့နဲ့ တောင်သူလယ်သမားတွေရဲ့ ကုန်ထုတ်လုပ်မှု စရိတ်တွေ လျော့ကျနိုင်စေဖို့ တို့အတွက် ဓါတ်မြေဩဇာတွေ တင်သွင်းမှုအပေါ်...