Connect with us

Hi, what are you looking for?

သတင်း

“ဝ”ဒေသ၊ မိုင်းပေါက်မှာ ရေကြီးရေလျှံမှုကြောင့် “ဝ”ရဲအရာရှိအပါအဝင် သေဆုံးသူ ၄ ဦးအထိ ရှိလာ

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မိုင်းပေါက်မြို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပြီး “ဝ”ရဲအရာရှိ ၁ ဦးနှင့် ဒေသခံပြည်သူ ၃ ဦးတို့ သေဆုံးမှု ရှိတယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ ဝရဲအရာရှိဟာ အသက် ၂၇ နှစ်အရွယ် Qin Hua ဖြစ်ပြီး မနေ့က ဇူလိုင်လ ၂၂ ရက်မှာ ရေကြီးမှုဖြစ်စဉ်အတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် ရေထဲ မျှောပါကာ သေဆုံးတယ်လို့ “ဝ”ပြည်နယ် ရဲဌာန၊ တရားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒေသခံပြည်သူ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၂ ဦးတို့လည်း သေဆုံးမှုဖြစ်ပွားခဲ့ပြီး ၂ ဦးရဲ့ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတချို့ကလည်း ရေးသားပါတယ်။

မိုင်းပေါက်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ရေကြီးရေလျံမှုတွေကြောင့် တောင်ပြို၊ မြေပြိုမှုတွေ ဖြစ်ပွားနေသလို လယ်ယာစိုက်ခင်းတွေ၊ လမ်းနဲ့တံတားတွေ ၊ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အရေးပေါ်မုန်တိုင်းသတိပေးချက်တွေ၊ မိုးလေဝသသတင်းတွေကို ပြည်သူတွေအနေနဲ့ သတိပြုလေ့လာပြီး ကြိုတင်ကာကွယ်ထားကြဖို့လည်း “ဝ”အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....