Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်၊ ကန်ပက်လက်မှာ သစ်တောနဲ့ သယံဇာတ ထိန်းသိမ်းရေး ဥပဒေသတ်မှတ်ပြဌာန်း

ချင်းပြည်တောင်ပိုင်း ၊ ကန်ပက်လက်မြို့နယ်အတွင်း သစ်တောနဲ့ သဘာဝသယံဇာတ ထိန်းသိမ်းရေးအတွက် လိုအပ်တဲ့ ဥပဒေနဲ့ ကန့်သတ်တားမြစ်ထားတဲ့ အချက်တွေကို ဇူလိုင်လဆန်းပိုင်းက ကန်ပက်လက်မြို့နယ်၊ ပြည်သူ့ရဲ့တပ်ဖွဲ့နဲ့ မြို့နယ်သစ်တောဌာနတို့ ပူးပေါင်းထုတ်ပြန်ပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်း ၂၀၁၈ ခုနှစ်မှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းထားတဲ့ သစ်တောဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြို့နယ်သစ်တောဦးစီးဌာနရဲ့ ခွင့်ပြုချက် မရှိဘဲ မည်သူ့မဆို ပြုလုပ်ခွင့်ကို ကန့်သတ်တားမြစ်လိုက်တဲ့ မူဝါဒညွှန်ကြားချက် ၂၆ ချက်ကိုလည်း အတည်ပြုပြဌာန်းလိုက်ပါတယ်။

ပူးပေါင်းထုတ်ပြန်ချက်ထဲမှာ ကန်ပက်လက်မြို့နယ်ထဲက သစ်တောနဲ့ သဘာဝသယံဇာတတွေ ထိန်းသိမ်းနိုင်ရေးအတွက် တားမြစ်ကန့်သတ်မှုတွေကို ရှင်းလင်းတိကျစွာ ဖော်ပြထားသလို ထောင်ဒဏ် နဲ့ ငွေဒဏ် စတဲ့ ပြစ်မှုပြစ်ဒဏ်တွေကိုလည်း ဖော်ပြထားပါတယ်။

လက်ရှိမှာ ကန်ပက်လက်မြို့နယ်ကို ချင်းတော်လှန်ရေးအင်အာစုဖြစ်တဲ့ ကန်ပက်လက်မြို့နယ်ကောင်စီနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့- ကန်ပက်လက်တို့က သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရာကို ဖော်ဆောင်နေပါတယ်။

ဓါတ်ပုံ – ကန်ပက်လက်ရဲတပ်ဖွဲ့နဲ့ CDF ကန်ပက်လက်

1 Comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....