Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မြစ်ကြီးနားမြို့မှာ ရေကြီးမှု စိုးရိမ်ရေမှတ်ထက် ၂ လက်မကျော်နေပြီး ဆက်လက်မြင့်တက်မယ်လို့ မိုးဇလထုတ်ပြန်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ၂ လက်မကျော်လွန် ရောက်ရှိနေသလို မြစ်ရေ ဆက်လက်မြင့်တက်နေပြီး နောက် ၁ရက်မှာ ၁ ပေခွဲခန့် မြင့်တက်လာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ကြေညာပါတယ်။

ဒီနေ့ ဇွန်လ ၂ ရက် မနက် ၆ နာရီ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီးလို့ ဆိုပါတယ်။

လာမယ့် ၁ ရက်အတွင်းမှာလည်း ၁ ပေခွဲခန့် မြင့်တက်လာနိုင်ပြီး မြစ်ကြီးနာမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မြစ်ကြီးနားမြို့နယ်အတွင်းက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာ နေရတွေကို ရှောင်ရှားနိုင်ဖို့ သတိပေးနှိုးဆော်ထားပါတယ်။

အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေမှုကြောင့် မြစ်ကြီးနား၊ ချီဖွေ၊ ပူတာအို မြို့တွေမှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေပြီး ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ထောင်ချီဟာ ရေဘေးဒဏ် သင့်ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေထံမှ သိရပါတယ်။

လာမယ့် ၂၄ နာရီအတွင်း မြန်မာနိုင်ငံ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Zau ၊ ချီဆောင်ခြင်း လူမှုကူညီရေးအသင်း

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး