Connect with us

Hi, what are you looking for?

သတင်း

ကရင်နီထဲက ကော်ယော်နဲ့ မနုမနောလူမျိုးစုတူတို့ကို ကော်ယော်မနုမနောလူမျိုးလို့ အမည်ပြောင်းလဲ

ကရင်ပြည်နယ်ထဲ နေထိုင်ကြတဲ့ လူမျိုးစုတူအချင်းချင်းအကြား ကော်ယော်လူမျိုးနဲ့ မနုမနောလူမျိုးလို့ ခေါ်ဝေါ်သုံးစွဲနေမှုကို ကော်ယော်မနုမနော လူမျိုးအမည်သို့ ပြောင်းလဲသတ်မှတ်လိုက်တယ်လို့ ကော်ယော်မနုမနောစာပေနဲ့ ယဉ်ကျေးမှုကော်မတီက ဒီနေ့ မေလ ၂၈ ရက်မှာ ကြေညာလိုက်ပါတယ်။

မေလ ၁၉ ရက်က ကရင်နီပြည်နယ်၊ ဒေလကြိုကျေးရွာမှာ ဖွံဘော်ခွတ်မြို့နယ် အုပ်ချုပ်ရေးကောင်စီဝင်တွေ၊ အမျိုးသား ခေါင်းဆောင်တွေ၊ စာပေနဲ့ ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်တွေ၊ ရပ်မိရပ်ဖတွေနဲ့ လူငယ်ကိုယ်စားလှယ်တွေက တွေ့ဆုံဆွေးနွေးပြီး အမည်ကို ပြောင်းလဲဖို့ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုးခွက်ကျေးရွာအုပ်စုနဲ့ နန်းဖဲကျေးရွာအုပ်စုတို့မှာ မနုမနောအမည်ကို အသုံးပြုပြီး ဒေလကြိုကျေးရွာအုပ်စုမှာ ကော်ယော်အမည်ကို အသုံးပြုခြင်းကြောင့် လူမျိုးစုအချင်းချင်းခွဲခြားသလို ဖြစ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမျိုးသားဗဟိုကော်မတီအပါအဝင် စာပေနဲ့ ယဉ်ကျေးမှုကော်မတီမှ လူမျိုးစုအမည်ကို တမျိုးတည်း သတ်မှတ်ပေးဖို့ လိုအပ်ပြီး ဖွံဘော်ခွတ်မြို့နယ်ထဲမှာလည်း အစိုးရတရပ်ဖွဲ့စည်းထားရှိဖြစ်လို့ လူမျိုးစုအမည်ကို တခုတည်း အသုံးပြုသွားနိုင်ဖို့ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်ထဲက ဌာနေတိုင်းရင်းသားလူမျိုးစုတွေ၊ ဒေသခံတိုင်ရင်းသားလူမျိုးစုတွေ၊ ကရင်ပြည်ကြားကာလအစိုးရ အဖွဲ့အစည်းတွေ၊ တပ်ရင်းတပ်ဖွဲ့တွေ၊ အခြားအဖွဲ့အစည်းတွေအနေနဲ့ ဥပဒေနဲ့အညီ လုပ်ထုံး လုပ်နည်းအရ လုပ်ငန်း အဆင်ပြေချော့မွေ့စေဖို့ “ကော်ယော်မနုမနော” အမည်ကို တပြေးညီ သုံးစွဲပေးဖို့ ကော်ယော်မနုမနောစာပေနဲ့ ယဉ်ကျေးမှုကော်မတီက ကြေညာထားပါတယ်။

ဓါတ်ပုံများ – Kho Shee Sho

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....