Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

နောင်ချိုမှာ တရုတ်ကမ္ပဏီပိုင် သတ္တုလုပ်ကွက်ကို စစ်ကောင်စီ ဗုံးကြဲ

အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ နောင်ချိုမြို့နယ်ထဲက ရှဲဆန်သတ္တုကုမ္ပဏီလုပ်ကွက် ထဲကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ရာမှာ အဲဒီကုမ္ပဏီဟာ တရုတ်ငွေယွမ် ၁ သန်းခွဲကျော် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ တအာင်းတပ် PSLF/ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ကြေညာပါတယ်။

တအာင်းပြည်၊ တပ်မဟာ – ၂ နယ်မြေ၊ နောင်ချိုမြို့နယ်ထဲက ရှဲဆန် သတ္တုကုမ္ပဏီကို စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ မေလ ၁၁ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး၊ ၂ လုံး လာရောက်ကြဲချပြီး တိုက်ခိုက်ခဲ့တယ်လို့ မေလ ၂၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကုမ္ပဏီအသုံးပြုနေတဲ့ ဘတ်ဖိုး ၁ စီး၊ သတ္တုထုတ်စက် ၁ လုံး၊ စက်ပစ္စည်းတွေ ထားရှိတဲ့ ဂိုဒေါင် ၁ လုံးနဲ့ အခြားပစ္စည်းတွေ များစွာ ထိမှန်ပျက်စီးခဲ့ပြီး စုစုပေါင်းကာလတန်ဖိုး တရုတ်ငွေ ၁, ၆၈၀, ၀၀၀ ယွမ် ပျက်စီးဆုံးရှုံးတယ်လို့ ဆိုပါတယ်။

ဒေသတွင်းသတင်းဌာနဖြစ်တဲ့ ရွှေဖီးမြေသတင်းဌာကတော့ တရုတ်ကုမ္ပဏီပိုင်ဆိုင်တဲ့ သတ္တုတွင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး၊ ၂ လုံး ကြဲချတိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။

မေလ ၁၈ ရက် ညနေ ၅ နာရီခွဲခန့်ကလည်း စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသင်္ဂီကျေးရွာအနီး ဂျက်ဖိုက်တာနဲ့ ပေါင် ၂၅၀ ဗုံး၊ ၆ လုံး ကြဲချတိုက်ခိုက်တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ မေလ ၆ ရက်မှ ၃၁ ရက်ထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးထားပေမယ့် တအာင်းတပ် ထိန်းချုပ်ထားတဲ့ မြို့တွေကို မြေပြင်ထိုးစစ်ဆင်ခြင်း၊ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခြင်း၊ ဒရုန်းနဲ့ လေကြောင်းနဲ့ နေ့စဉ်အသုံးပြုတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်တယ်လို့ သတိပေးထားပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature