Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

မနေ့ည လှုပ်ခတ်တဲ့ ငလျင်ကြောင့် မန္တလေးက ယာယီငလျင်ရှောင်စခန်းမှာ သားအဖ ၂ဦး သေဆုံး

မနေ့ညပိုင်းက လှုပ်ခတ်ခဲ့တဲ့ အင်အား အတန်အတင့်ရှိတဲ့ နောက်ဆက်တွဲ ငလျင်ကြောင့် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ ရွှေကူဘုန်ကြီးကျောင်းတိုက်ထဲ ငလျင်ကယ်ဆယ်ရေးစခန်းမှာ သစ်ပင်လဲကျမှု ဖြစ်ပွားခဲ့ပြီး သားအဖ ၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

မေလ ၁၇ ရက် ညပိုင်း ၁၀ နာရီခွဲခန့်မှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၅.၂ အင်အားရှိတဲ့ နောက်ဆက်တွဲငလျင်ကြောင့် သစ်ပင်ကြီးဟာ ငလျင်ကယ်ဆယ်ရေးစခန်းတခုပေါ်ကို လဲကျခဲ့ရမှ တဲအိမ်ထဲမှာ ရှိနေတဲ့ ကလေး ၁ ဦးနဲ့ လူဦး ၁ ဦးတို့ ပိမိ၍ သေဆုံးခဲ့ရတာဖြစ်ပါတယ်။

မေလ ၁၇ ရက် ည ၁၀ နာရီ ၂၄ မီနစ်၊ ၄၈ စက္ကန့်မှာ မြစ်သာမြို့ရဲ့ အနောက်ဘက် ၆ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမိတာခန့်မှာ ရစ်ချ်တာစကေး ၅.၂ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း မေလ ၁၇ ရက်မှာ ကျောက်ဆည်မြို့ အနောက်- အနောက်တောင်ဘက် ၃၅ ကီလိုမီတာအကွာ၊ မြေအောက် အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ ရစ်ချ်တာစကေး ၅.၇ အဆင့်ရှိတဲ့ မြေငလျင်တခု ထပ်မံ လှုပ်ခတ်ခဲ့တယ်လို့ ကြေညာထားပါတယ်။

မတ်လ ၂၈ ရက်က ပြည်သူတွေ ထိခိုက်သေဆုံးမှုနှင့် အဆောက်အဦးတွေ ပျက်စီးပြိုကျမှု ပမာဏ ကြီးမားစေတဲ့ ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိတဲ့ အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်အကြိမ်ပေါင်း ၁၇၅ ကြိမ် လှုပ်ခတ်ထားတယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနထံမှ သိရပါတယ်။

ဓါတ်ပုံများ – မဏီစလ လူမှု/ နာမှု ကူညီရေးအသင်း – မန္တလေးမြို့

1 Comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး