Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

ကွတ်ခိုင်မှာ လေပြင်းနဲ့အတူ မိုးသီးကြွေကျမှုကြောင့် နေအိမ် ၅၀ နီးပါး ပျက်စီး

တအာင်းတပ် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုတင်အုပ်စု၊ ခိုလုံကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းနဲ့အတူ မိုးသီးကြွေကျမှုကြောင့် နေအိမ် ၅၀ နီးပါး ပျက်းစီးခဲ့တယ်လို့ သိရပါတယ်။

တအာင်းပြည်၊ တပ်မဟာ – ၅ နယ်မြေထဲက ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာမှာ မေလ ၁၀ ရက်က ပြင်းထန်စွာ မိုးရွာသွန်းပြီး၊ လေပြင်းနဲ့အတူ မိုးသီးကြွေကျမှု ဖြစ်ပွးခဲ့တာရာ ကျေးရွာမှာ နေအိမ် ၁၃၈ အိမ် ရှိတဲ့အနက် ၄၇ အိမ်ဟာ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ PSLF/ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီနေ့ မေလ ၁၂ မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလဌာနကလည်း ဒီနေ့ မေလ ၁၂ ရက်မှ ၂၀ ရက်အထိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများမှာ ဒေသအလိုက်နဲ့ နေရာကွက်လို့ မိုးကြီးနိုင်တယ်လို့ ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနဲ့ မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်ခြင်းကြောင့် အဲဒီဒေသတွေရှိ ကုန်းမြင့်ဒေသအနီးမှာ နေထိုင် ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို ကြိုတင်သတိပြုနေထိုင်ကြဖို့ နှိုးဆော်နေပါတယ်။

ဒါ့အပြင် မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာ နေထိုင်ကြသူတွေအနေနဲ့လည်း ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ဖို့နဲ့ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့ ကြိုတင်သတိပြုနိုင်ဖို့ စစ်ကောင်စီ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature