Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

ဒီနေ့မှ စပြီး တပတ်နီးပါကြာ ငလျင်ဘေးသင့် ဒေသအပါအဝင် နိုင်ငံတဝန်း အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာနိုင်

ဒီနေ့ ဧပြီလ ၂၈ ရက်မှ မေလ ၃ ရက်အတွင်း ငလျင်ဘေးဒဏ်သင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်အားလုံးမှာ မိုးထစ်ချုပ် ရွာနိုင်ပြီး တချို့ဒေသတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးဇလဌာနက သတိပေးထုတ်ပြန်ပါတယ်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းတို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်ပြီး အချို့ဒေသတွေမှာ နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မနေ့က ဧပြီလ ၂၇ ရက် ညနေ ၅ နာရီခွဲ တိုင်ထွာချက်တွေအရ မြန်မာနိုင်ငံတဝန်းမှာ အချိန်အခါမဟုတ် မိုးရွာနိုင်မယ့် အခြေအနေတွေကို တွေ့ရှိရတယ်လို့ စစ်ကောင်စီ ၊ မိုးဇလဌာနက ဆိုပါတယ်။

အနောက်ဘက်နဲ့ အရှေ့ဘက်တွေမှ ရွေ့လျားလာတဲ့ လေပွေ လှိုင်းတွေရဲ့ အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်က လေဖိအားကြီး ရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့် အချိန်အခါ မဟုတ် မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အချိန်အခါ မဟုတ် မိုးရွာခြင်းနဲ့အတူ လေပြင်းတွေ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ မြေပြိုခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ပြည်သူတွေ သတိပြု နေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး