Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

လမ်းတံတားပြုပြင်ပေးနေတဲ့ ဆင်မကြီး မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိပြီး ဆေးကုသဖို့ အကူအညီ လိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်သုံးလမ်းနဲ့ မြို့ရှောင်လမ်းပေါ်ရှိ တံတားများ ပြုပြင်ဖို့ လိုအပ်တဲ့ သစ်တွေ သယ်ယူပို့ဆောင်စဉ် မြေမြှုပ်မိုင်းနင်းမိလို့ ဆင်မကြီး တင်တင်လှ လက်ယာရှေ့ ခြေထောက်မှာ ဒဏ်ရာပြင်းထန်းစွာ ရရှိထားတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စိုးမိုးနယ်မြေအတွင်းရှိ ဆင်းဝိုင်းတခုက အသက် ၄၃ နှစ်အရွယ်ရှိတဲ့ တင်တင်လှ လို့ခေါ်တဲ့ ဆင်မတစ်ကောင်ဟာ ဒဏ်ရာ ပြင်းထန်းစွာ ရရှိထားတဲ့အတွက် ဆင်ဦးစီးတွေက ဆေးဝါးကုသပေးလျက်ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါဆင်အတွက် လိုအပ်တဲ့ ဆေးဝါးနဲ့ ဆေးကုသမှုတွေ ထိရောက်စွာ ရရှိနိုင်ရေး ကူညီထောက်ပံ့မှုတွေ ဖိတ်ခေါ်အပ်ပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MoNREC) က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ကူညီထောက်ပံ့ချင်သူတွေအနေနဲ့ အောက်မှာ ဖော်ပြထားတဲ့ MoNRC ရဲ့ NUG Pay အကောင့်နဲ့ နွေဦးတော်လှန်ရေးဘဏ် (SDB) အကောင့်တို့ကနေလည်း‌ ထောက်ပံ့နိုင်တယ်လို့ ဆိုပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး