Connect with us

Hi, what are you looking for?

ဇီဝမျိုးစုံမျိုးကွဲ

စစ်ပွဲ၊ ရေဘေးနဲ့ အခြားဘေးအန္တရာယ်တွေကြောင့် မြန်မာမှာ နေရပ်စွန့်ခွာသူ ၃.၆ သန်းနီးပါး ရှိပြီ

စစ်ပွဲ၊ ရေဘေးနဲ့ အခြားဘေးအန္တရာယ်တွေကြောင့် မြန်မာမှာ နေရပ်စွန့်ခွာသူဦးရေဟာ ၃.၆ သန်းနီးပါး ရှိနေပြီးလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA Myanmar က ကြေညာပါတယ်။

မြန်မာမှာ တိုက်ပွဲ၊ ရေဘေးနဲ့ အခြားဘေးအန္တရာယ်တွေအပါအဝင် ထပ်တလဲလဲကျရောက်နေတဲ့ ဘေးဒုက္ခတွေကြောင့် အကျပ်အတည်းပေါင်းစုံနဲ့ကြုံတွေနေရဆဲဖြစ်ပြီး လူပေါင်းများစွာရဲ့ အိုးအိမ်တွေ၊ အလုပ်တွေနဲ့ ဘေးကင်းလုံခြုံတဲ့ ခံစာချက်တွေ ခြေမွဖျက်ဆီးခံနေရတယ်လို့ UNOCHA Myanmar က ဩဂုတ်လ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင်လဆန်းကလည်း ကချင်၊ ကချင်၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းနဲ့ ပဲခူးစတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးကြီးရေလျှံ၊ မြေပြိုတာတွေကြောင့် မိသားစုတွေ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြရပြီး၊ လမ်းတံတားတွေနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

မတ်လ ၂၈ ရက် ငလျင်ဒဏ်ခံရသူတွေထဲ ဒေသခံ ၁.၃ သန်းနီးပါးကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ခဲ့ပေမယ့် ရန်ပုံငွေ မလုံလောက်မှုကြောင့် အကူအညီတွေကို ထဲထဲဝင်ဝင်၊ ကြိမ်ဖန်များစွာနဲ့ အရည်အသွေး ပြည့်မီအောင် မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒီလိုအခြေအနေမှာ စစ်ကော်မရှင်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေကို ကုန်စည်စီးဆင်းမှုအပါအဝင် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါး သယ်ယူမှုတွေကိုလည်း ဖြတ်တောက်ထားပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး