Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

စစ်ကိုင်းအနီး ဗဟိုပြုတဲ့ ငလျင်ကို မန္တလေးငလျင်လို့သတ်မှတ်ပြီး သတင်းဌာနတွေ မန္တလေးငလျင်ကြီးလို့ ရေးသားဖို့ စစ်တပ် ဖိအားပေး

စစ်ကိုင်မြို့အနီးကို ဗဟိုပြု လှုပ်ခတ်သွားတဲ့ ငလျင်ကို မန္တလေးမြို့ငလျင်အဖြစ် သတ်မှတ်အတည်ပြုပြီး သုံးစွဲသွားမယ်လို့ စစ်ကောင်စီက ဧပြီလ ၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က မြန်မာမှာ လှုပ်ခတ်ခဲ့တဲ့ အင်အား ရစ်ချတာစကေး ၇.၇ အဆင့်ရှိတဲ့ ငလျင်ကြီးနဲ့ ပတ်သက်လို့ မှတ်တမ်းပြုစုရာမှာ၊ နောက်တခုက ဖော်ပြချက်တွေ ဖော်ပြရာမှာ ၊ ရည်ညွှန်းပြောရေးဆိုရာမှာ တူညီလွယ်ကူစေရန် မန္တလေးငလျင်ကြီးဟု သတ်မှတ်ခေါ်ဝေါ်သုံးစွဲသွားမယ်လို့ အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောပါတယ်။

မီဒီယာတွေအနေနဲ့လည်း ဒီငလျင်ကြီးကို ရည်ညွှန်ခေါ်ဝေါ်သုံးစွဲရာမှာ ၊ သတင်းရေးသားရာမှာ မန္တလေးငလျင်ကြီးလို့ ရေးသားပေးကြဖို့ မေတ္တာရပ်ခံလိုတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကိုင်မြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ မတ်လ ၂၈ ရက်က ရစ်ချ်တာ စကေး ၇.၇ ငလျင်ကြီးကို “စစ်ကိုင်းငလျင်”လို့ သတ်မှတ်မခေါ်ဝေါ်ပဲ “မန္တလေးငလျင်”လို့ သတ်မှတ်လိုက်မှုကို အများပြည်သူတွေနဲ့ သတင်းဌာနအများအပြားက ဝေဖန်မှုတွေ မြင့်တက်နေကြပါတယ်။

သတင်းဌာနတချို့နှင့် စစ်ကောင်စီကို တော်လှန်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတချို့ကတော့ စစ်ကောင်စီ သတ်မှတ်မှုကို လက်မခံဘဲ စစ်ကိုင်းငလျင်လို့သာ ခေါ်ဝေါ်သုံးစွဲသွားမယ်လို့ ဆိုပါတယ်။

ဧပြီလ ၇ ရက်အထိ ငလျင်ကြောင့် နိုင်ငံတဝန်းသေဆုံးသူ ၃၆၀၀ ဦး၊ ဒဏ်ရရှိသူ ၅၀၁၇ ဦး၊ ပျောက်ဆုံးသူ ၁၆၀ ဦး ရှိပြီး ပြိုကျပျက်စီးမှု အဆောက်အဦးတွေကြားမှ အသက်ရှင်သူ ၆၅၃ ဦးနဲ့ ရုပ်အလောင်း ၇၀၀ ကျော်ကို ရှာဖွေကယ်ထုတ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ စာရင်းတွေအရ နိုင်ငံပေါင်း ၂၀ မှ ကူညီထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေးအတွက် လေယာဉ် ၉၄ ခေါက်၊ မော်တော်ယာဉ် ၆ စီး၊ သင်္ဘော ၅ စီးရောက်ရှိလာပြီး ကူညီကယ်ဆယ်ရေးဝန်ထမ်း ၁၇၃၈ ဦး စေလွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်ဘေးဒဏ်သင့်မြန်မာကို နိုင်ငံတကာက ကူညီထောက်ပံ့ရေးပစ္စည်း ၁၂၈၁ တန်ကျော်၊ ကယ်ဆယ်ရေး ပစ္စည်း ၈၄၄ တန်ကျော်ကို ဧပြီလ ၇ ရက်အထိ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature