Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ရာသီဥတု

မတ် ၁၄ မှ ၂၀ အတွင်း တချို့ဒေသ နေ့အပူချိန် ၄၀°C အထက်အထိ ဆက်လက်မြင့်တက်နိုင်

ရန်ကုန်နဲ့ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး ၆ ခုမှာ မတ်လ ၁၄ ရက်မှ ၂၀ ရက်အထိ နေ့အပူချိန်တွေ ၃၉°C နဲ့ ၄၀°C အထက်အထိ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလဌာနဲ့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်တို့ထံမှ သိရပါတယ်။

ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း (အောက်ပိုင်း) ဒေသတွေမှာ နေ့အပူချိန်တွေ ၃၉°C နဲ့ ၄၀°Cအထက်အထိ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်က ဆိုပါတယ်။

ဒီနေ့ မတ်လ ၁၅ ရက်မှာ မကွေးတိုင်း၊ ချောက်မြို့ဟာ အပူချိန် ၄၃.၁°C အထိ မြင့်တက်ခဲ့ပြီး ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းမှာ နံပါတ် ၈ ချိတ်လာတာ တွေ့ရတယ်လို့ ဦးဝင်းနိုင်က အမေရိကန်အခြေစိုက် မိုးဇလအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြောပြောပါတယ်။

“နွေရာသီကာလအတွင်းကို တဖြည်းဖြည်းဝင်ရောက်လာနေတာဖြစ်တာကြောင့် နေ့အပူချိန်များတဖြည်းဖြည်း မြင့်တက်လာတယ် ဆိုသော်လည်း အယ်လ်နီညိုဖြစ်ခဲ့တဲ့ ၂၀၂၄ ခုနှစ်လောက် ၂၀၂၅ ခုနှစ်နွေရာသီက အပူချိန်မများနိုင်ဘူး လို့သုံးသပ်ရပါတယ်။ နွေရာသီကာလအတွင်းမှာ ဖြစ်လေ့ရှိတဲ့ ပူပြင်းခြောက်သွေ့မှုကြောင့် … ၄၀°C ဝန်းကျင်အထိ ဖြစ်လာတဲ့အပူရှိန်နဲ့ ခြောက်သွေ့တဲ့ လေပြင်းတိုက်ခတ်နိုင်ခြင်းကြောင့် မီးဘေးအန္တရာယ်ကို ပေါ့ဆလို့တော့ မရပါ” လို့ ဦးဝင်းနိုင်က သူ့ရဲ့ လူမှုကွန်ယက်မှာ ရေးသားသတိပေးထားပါတယ်။

ဒီလိုအပူချိန်တွေ မြင့်တက်လာမှုက အပူလှိုင်းဖြတ်ခြင်း မဟုတ်ဘဲ နွေရာသီကာလ မတ်လကနေ မေလအတွင်း တိုင်းဒေသကြီးတချို့မှာ ပုံမှန်မြင့်တက်နေတဲ့ အပူချိန်တွေဖြစ်တယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း(UV-INDEX)မြင့်တက်လာတာကိုတွေ့ရပြီး မိုးအနည်းငယ်ထစ်ချုန်းရွာနိုင်မဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီမိုးဇလဌာနရဲ့ မတ်လ ၁၅ ရက်က ထုတ်ပြန်တဲ့ နေ့အပူချိန်တွေမှာ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း)တိုဟာ မတ်လ ပျမ်းမျှအပူချိန်တို့ထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ ပိုမြင့်တက်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာလည်း မတ်လရဲ့ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီ ဆဲလ်စီးယပ် ပိုခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ မတ်လရဲ့ ပျမ်းမျှအပူချိန်အောက် ၄ ဒီဂရီဆဲလ်စီးယပ် လျော့နည်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ မတ်လရဲ့ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၁၄ ရက်က ဖြစ်ပေါ်ခဲ့တဲ့ ထူးခြားတဲ့ နေ့အပူချိန်တွေက ချောက်မြို့မှာ ၄၃.၁ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးမြို့မှာ ၄၁.၈ ဒီဂရီဆဲလ်စီးယပ်၊ မကွေးမြို့မှာ ၄၁.၆ ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြို့မှာ ၄၁.၅ ဒီဂရီဆဲလ်စီးယပ်၊ မန္တလေးမြို့နဲ့ အောင်လံမြို့ တို့မှာ ၄၁.၃ ဒီဂရီဆဲလ်စီးယပ်စီ၊ မြင်းခြံမြို့မှာ ၄၁.၂ ဒီဂရီဆဲလ်စီးယပ်၊ မင်းဘူးမြို့နဲ့ စစ်ကိုင်းမြို့တို့မှာ ၄၁.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ တောင်တွင်းကြီးမြို့နဲ့ မြင်းမူမြို့တို့မှာ ၄၀.၅ ဒီဂရီဆဲလ်စီးယပ်စီနဲ့ ပြည်မြို့မှာ ၄၀.၄ ဒီဂရီဆဲလ်စီးယပ်တို့အထိ မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာတနိုင်ငံလုံးမှာ နေ့အပူချိန်တွေမှာ ပုံမှန်ထက် မြင့်တက်နိုင်တယ်လို့လည်း NUG အစိုးရရဲ့ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်မှာ ပြောဆိုထားပါတယ်။

အပူကြောင့် ဖြစ်ပေါ်လာတတ်တဲ့ ရောဂါဝေဒနာတွေနဲ့ပတ်သက်လို့ ရှေ့ဦးသူနာပြုစုနည်းတချို့အပါအဝင် ကမ္ဘာကြီးပူနွေးလာမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ၊ မိုးလေဝသတွေအကြောင့် ဒီဝက်ဆိုဒ်လင်ခ့်မှာ ဝင်ရောက်လေ့လာနိုင်တဲ့အကြောင်း အသိပေးဖော်ပြလိုက်ပါတယ်။

https://www.mmweather.org/global-warming…

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature