Connect with us

Hi, what are you looking for?

New

ကချင်၊ ကရင်နီနဲ့ စစ်ကိုင်းမှာ အထိန်းအကွပ်မဲ့ သတ္တုတူးမှုတွေ ရှိနေတယ်လို့ MMWN ထုတ်ပြန်

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသတွေမှာ အထိန်းအကွပ်မဲ့ သတ္တုတူးဖော်နေကြတယ်လို့ မြန်မာ့သတ္တုမိုင်းစောင့်ကြည့်ရေးကွန်ယက် (MMWN)က ဒီနေ့ မတ်လ ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ကချင်းပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတွင်းတွေ၊ စစ်ကိုင်းတိုင်း ဟုမ္မလင်းဒေသက ရွှေတူးဖော်မှုတွေနဲ့ ကရင်နီပြည်နယ် မော်ချီးသတ္တုးတွေမှာ အထိန်းအကွပ်မဲ့ သတ္တုတူးဖော်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခြင်းနဲ့ လူ့အခွင့်အ‌ရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ MMWN က ဆိုပါတယ်။

သတ္တုးတူးဖော်မှုတွေမှာ သဘာဝပတ်ဝန်းကျင် ဆန်းစစ်လေ့လာခြင်းဆိုင်ရာ (EIA)၊ ကျန်းမာရေးဆိုင်ရာ ဆန်းစစ်လေ့လာခြင်း (HIA)၊ လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်လေ့လာခြင်း (SIA) တို့ကို လေးစားလိုက်နာဖို့ MMWN က ဒီနေ့မှာ သဘောထားထုတ်ပြန်ပါတယ်။

ဒေသခံတွေရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ကို အသိအမှတ်ပြုပြီး ၎င်းတို့ကို အတင်းအဓမ္မ နေရာရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက ဖိအားပေး မပြုလုပ်ဖို့လည်း ထုတ်ပြန်ပါတယ်။

နယ်မြေဒေသအလိုက် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ စောင့်ကြည့်ရေးယန္တရားတွေကို အရပ်ဖက်အဖွဲ့၊ လူထုနဲ့ အကောင်အထည်ဖော်ဖို့ကိုလည်း သဘောထားထုတ်ပြန်ပါတယ်။

နိုင်ငံရေးမတည်ငြိမ်ကာလမှာ သဘာဝသယံဇာတ အလွန်အကျွံတူးဖော်ခြင်းတွေကို ရပ်ထားဖို့လည်း တိုက်တွန်းထားပါတယ်။

မိုင်းတွင်းဒေသတွေမှာ ဒေသခံတွေအပေါ် အရင်ကထက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုများပြားလာသလို အမျိုးသမီးတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ အိမ်တွင်းအကြမ်းဖက်မှုတွေ ပိုကြုံတွေ့နေရတဲ့အတွက် တရားမျှတမှုနဲ့ အကာအကွယ်ပေးရေး ယန္တရားတွေ ဖော်ဆောင်ပေးဖို့ MMWN က တောင်းဆိုပါတယ်။

Click to comment
Advertisement

ဖတ်ရှုမှုအများဆုံး

Advertisement

ဖတ်ရှုမှုအများဆုံး