Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်၊ ဘွာလ်တောင်ကြောက ရွာမှာ အိမ်မွေးတိရစ္ဆာန်တွေကို ဝံပုလွေအုပ် လာရောက်တိုက်ခိုက်နေ

ချင်းပြည်နယ်မြောက်ပိုင်း၊ ထန်တလန်မြို့နယ်၊ ဘွာလ်တောင်ကြော၊ ဗောမ်ကွာကျေးရွာမှာ ဒေသခံပြည်သူတချို့ရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ဝံပုလွေအုပ်တွေက မကြာခဏ ရောက်လာ၊ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလထဲမှာ ဗောမ်ကွာ (Vomkua) ကျေးရွာက ဒေသခံတွေရဲ့ ကျွဲ၊ နွား နဲ့ ဝက်တွေကို ဝံပုလွေအုပ်တွေက တပတ်အတွင်း နှစ်ကြိမ် လာရောက်တိုက်ခိုက်တာကြောင့် အိမ်မွေးတိရစ္ဆာန် ၁၀ ကောင်ကျော် ဆုံးရှုံးသွားတယ်လို့ ချင်းပြည်ရဲ့ သတင်းဌာနဖြစ်တဲ့ Zalen ကလည်း ဖော်ပြပါတယ်။

ဝံပုလွေအုပ်တွေက အိမ်မွေးတိရိစ္ဆာန်တွေကို ထပ်မံတိုက်ခိုက်လာမှာကို ဒေသခံရွာသားတွေ စိုးရိမ်းနေကြပြီး တချို့အိမ်မွေးတိရစ္ဆာန်တွေကို တောထဲက ပြန်လည်ထိန်းသိမ်းထားဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။

ဘွာလ်တောင်ကြောပေါ်မှာ ဝံပုလွေအုပ်တွေက ရပ်ရွာအနီးထိ ရောက်လာပြီး အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်လာမှုနဲ့ ပတ်သက်လို့ ဘာကြောင့်ဖြစ်ပွားလာရတယ်ဆိုတာကို အသေးစိတ်သိနိုင်ဖို့ ဒေသခံတွေနဲ့ ဆက်သွယ်မေးမြန်းဆဲဖြစ်ပါတယ်။

ဓါတ်ပုံ – Zalen

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....