Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

ထိုင်းနိုင်ငံက ပိန်းမျိုးရင်းဝင် မျိုးစုအပင်သစ်ကို မြန်မာ လူငယ်တဦး ဦးဆောင်ပြုစု

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း Loei Provience ထုံးကျောက်တောင်မှာ တွေ့ရှိတဲ့ ပိန်းမျိုးရင်းဝင် မျိုးစုအသစ် အကြောင်းကို မြန်မာနိုင်ငံသား လူငယ်တဦးက ဦးဆောင်ပြီး‌ မှတ်တမ်းသစ်ပြုစုနိုင်ခဲ့တယ်လို့ သိရပါတယ်။

“Hayarum mirispathum (Araceae – Aroideae): A new genus and species from Thailand” လို့ အမည်ပေးထားတဲ့ အဲဒီစာတမ်းဟာ ဒီနှစ် ဇန်နဝါရီလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံက ပိန်းမျိုးရင်းဝင် မျိုးစုအသစ်အကြောင်း စာတမ်းကို ကိုခန့်ဇော်ဟိန်းက ဦးဆောင်ရေးသားခဲ့တာ ဖြစ်ပြီး ထိုင်းနိုင်ငံသားတွေလည်း တွဲဖက်ရေးသားသူအဖြစ် ပါဝင်ထားပါတယ်။

“ဒီလို Genus အသစ် ရှာပြီး နာမည်ပေးနိုင်တာဟာ မြန်မာလူမျိုးတွေအတွက် အင်မတန်ဂုဏ်ယူစရာကောင်းပါတယ်။ ဘာလို့လဲဆိုရင် ခု မျိုးစုအသစ်ထဲမှာထည့်ရမယ့် အပင်ကိုရှာရတာဟာ မျိုးစိတ်သစ်ရှာရတာထက် ပိုပြီးခက်ခဲတယ်။ ဒီစာတမ်းပါး ပိန်းမျိုးရင်း Araceae ဝင် ပိန်းပင်မျိုးစိတ်တစ်ခုဟာ တခြားဘယ်အုပ်စုနဲ့မှ မတူ ဘယ်Genusထဲမှာမှ ထည့်လို့မရအောင် ကွဲထွက်နေတာမို့ သူ့အတွက် မျိုးစု Genus အသစ်တစ်ခု နာမည်ပေးတယ်” လို့ Native Species Conservation & Identification က တာဝန်ရှိသူတွေက အဲဒီစာတမ်းအကြောင်း ရှင်းပြပါတယ်။

ရှာဖွေတွေ့ရှိခဲ့တဲ့ ပိန်းမျိုးရင်းဝင်အပင်ဟာ မျိုးစုကွဲထွက်နေတာ တွေ့ရှိရလို့ Genus မျိုးစုနာမည်ကို အာရှက ပိန်းမျိုးရင်းတွေအကြောင်း စာတမ်းပေါင်းများစွာရေးသားခဲ့တဲ့ ပိန်းမျိုးရင်းပညာရှင် Dr. Alistair Hay ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့နာမည်ကိုယူပြီး 𝐇𝐚𝐲𝐚𝐫𝐮𝐦လို့ အမည်ပေးတယ်လို့ သိရပါတယ်။

Species မျိုးစိတ်နာမည်ကိုတော့ ဒီမျိုးစိတ်ရဲ့ ထူးခြားအံ့ဩဖွယ်ကောင်းတဲ့ အချက်တစ်ချက်အဖြစ် ထူးကဲပွင့်ခံရွက်ရဲ့ လှုပ်ရှားမှုကို ရည်ညွှန်းပြီး mirispathum လို့ပေးထားတယ်လို့ ဆိုပါတယ်။

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature