Connect with us

Hi, what are you looking for?

Myanmar Nature
Myanmar NatureMyanmar Nature

ဇီဝမျိုးစုံမျိုးကွဲ

တနင်္သာရီတိုင်းက ရွာ ၂ ရွာမှာ ဆိုလာနဲ့ ရေပေးဝေရေးစနစ် တရုတ် တပ်ဆင်ပေး

လန်ချန်း- မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်က ကံမော်ကြီးကျေးရွာနဲ့ ရေငံကြီးကျေးရွာတို့မှာ ဆိုလာအသေးစား ဓါတ်အားပေးစနစ်နဲ့ ရေပေးဝေရေး စီမံကိန်းကို တရုတ်က လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းကနေ ကျေးရွာ ၂ ရွာက အိမ်ထောင်စု ၅၄၀ ၊ ဒေသခံပြည်သူ ၂၇၀၀ ခန့်ဟာ ၂၄ နာရီ လျှပ်စစ်မီးရရှိမှုနဲ့ သန့်ရှင်းတဲ့ သောက်သုံးရေးတွေကို ရရှိမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီလ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

စီမံကိန်း ပြီးစီးတဲ့ အခမ်းအနားကို ဇန်နဝါရီလ ၁၄ ရက်က ကော့သောင်းမြို့မှာ ကျင်းပခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia နဲ့ စစ်ကောင်စီရဲ့ ဝန်ကြီးတချို့၊ ဒေသခံလူထု ၂၀၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းကို တရုတ်နိုင်ငံရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ စစ်ကောင်စီ၊ စီးပွားရေးလုပ်ငန်းနဲ့ ပြည်သူတို့ ပူးပေါင်း အကောင်အထည်ဖော်ခဲ့တာလို့ သိရပါတယ်။

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုမှာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့က မဲခေါင်မြစ်ကို ကိုယ်စားပြုပြီး လန်ချန်းမြစ်က တရုတ်ကို ကိုယ်စားပြုတာပါ။

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဟာ နိုင်ငံရေးနဲ့ လုံခြုံရေး(Political and Security)၊ စီးပွားရေးနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး (Economic and Sustainable Develo-pment) ၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ပြည်သူ အချင်းချင်း အပြန်အလှန် ထိတွေ့ဆက်ဆံရေး (Social, Cultural and People-to-People Exchanges) စတဲ့ မဏ္ဍိုင်သုံးရပ်နဲ့ ဆောင်ရွက်တယ်လို့ သိရပါတယ်။

မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအတွက် ရန်ပုံငွေအမျိုးအစား လေးမျိုးထဲက တစ်ခုဖြစ်တဲ့ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ နဲ့ တရုတ်နိုင်ငံက မတည်ထူထောင်ထား တယ်လို့ ဆိုပါတယ်။

၂၀၁၇ မှ ၂၀၂၂ အထိ တရုတ်နိုင်ငံဘက်က အထူးရန်ပုံငွေစီမံကိန်း စုစုပေါင်း ၉၂ ခုကို မြန်မာနိုင်ငံကို ပေးအပ်ခဲ့ပြီး ဘုတ်ပြင်းမြို့နယ်ထဲက ကျေးရွာ ၂ ခုရဲ့ ဆိုလာနဲ့ ရေပေးဝေရေစီမံကိန်းဟာ အဲဒီစီမံကိန်း ၉၀ ကျော်တွေထဲမှာ ပါဝင်ပါတယ်။

ဓါတ်ပုံ – MOI / Chinese Embassy in Myanmar

Written By

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

Copyright © 2025 .Myanmar Nature