Connect with us

Hi, what are you looking for?

သတင်း

နာဂနှစ်သစ်ကူးပွဲတော်ကို မြို့ ၁၀ မြို့ထက်မနည်းမှာ ကျင်းပမယ်လို့ NSCN-K ထုတ်ပြန်

နာဂလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို မြို့ ၁၀ မြို့ထက်မနည်းမှာ ကျင်းပသွားမှာဖြစ်ပြီး ဘယ်အဖွဲ့အစည်းမှ နှောက်ယှက်ဟန့်တားခြင်း မပြုဖို့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် NSCN-K အဖွဲ့က ထုတ်ပြန်ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှာ ကျရောက်မယ့် ၃၅ ကြိမ်မြောက် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို နာဂလူမျိုးတွေ နေထိုင်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက မြို့တွေမှာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမယ်လို့ NSCN -K အဖွဲ့က ဇန်နဝါရီလ ၁၃ ရက်မှာ ထုတ်ပြန်တာပါ။

နန်းယွန်း၊ ရှင်ဗွေယန်၊ တနိုင်း၊ ပန်ဆောင်၊ ဒုံဟီး၊ လဟယ်၊ ထန်ပါခွေ၊ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ ဆမ္မရာ စတဲ့ မြို့တွေမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

နာဂလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဘယ်အဖွဲ့အစည်းမှ နှောက်ယှက်ဟန့်တားခြင်း မပြုဖို့ တားမြစ်ထုတ်ပြန်လိုက်တယ်လို့ NSCN အဖွဲ့ရဲ့ ဒုက္ကဌက လက်မှတ်ထိုးထုတ်ပြန်လိုက်တာပါ။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ဟာ နေ့ရက်မတူပေမယ့်လည်း ဘိုးဘွားစဉ်ဆက်ကတည်းက နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို ကျေးရွာတိုင်းမှာ နှစ်စဉ်ကျင်းပပြလုပ်ခဲ့တာ ၃၅ ကြိမ်ကို ကျင်းပပြီးစီးထားပြီဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ – Naga News

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....