Hi, what are you looking for?
နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၄ ခုက မြို့နယ် ၆ ခုထက်မနည်းမှာ တောင်ကျရေ နဲ့ မြစ်ရေကြီးမှုတွေကြောင့် ဒေသခံပြည်သူထောင်ချီဟာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့ အစည်းတွေထံက ပြောပါတယ်။ နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ မိုးသည်ထန်စွာ ရွာသွန်းမှုနဲ့အတူ တောင်ကျချောင်းရေနဲ့...
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နမ့်ပေါင်ရွာအနီးမှာရှိတဲ့ နမ္မကျောက်မီးသွေးတွင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ MNDAA က ဒီကနေ့ စက်တင်ဘာလ ၁၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့က စက်တင်ဘာလ ၁၀ ရက် နံနက် ၁ နာရီခန့်မှာ နမ့်ပေါင်ကျေးရွာအနီးက...
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA ရဲ့ အုပ်ချုပ်စစ်နယ်မြေတွင်းက တော၊ တောင်တွေထဲ ရှောင်တိမ်းလာတဲ့ ဆင်ကောင်ရေ (၁၃၈) ကောင်နဲ့ ဆင်အုပ်၊ ဆင်ထိန်း မိသားစု တွေကို ကာကွယ်စောင့်ရှောက်ထားတယ်လို့ PLA အဖွဲ့က ဒီနေ့ စက်တင်ဘာလ ၃ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ မန္တလေးတိုင်း၊ သပိတ်ကျင်း စဉ့်ကူးမြို့နယ်ထဲက သစ်ထုတ်ဆင်တွေ၊...
ခိုးယူခံထားရတဲ့ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေ ၇၀ ခုကို နိုင်ငံဆီ ပြန်လည်ရောက်ရှိလာမှုဟာ ကမ္ဘောဒီယားပြည်သူတွေနဲ့ ဘိုးဘွားဝိညာဉ်တွေ ပြန်လည် ပေါင်းစည်းနိုင်တဲ့ သင်္ကေတဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရ ဝန်ကြီးချုပ်က ပြောပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဆီ ပြန်လည်ရောက်ရှိလာတဲ့ ရှေးဟောင်းပစ္စည်း ၇၀ ခုထဲမှာ ရှေးဟောင်းဟိန္ဓူ နတ်ဘုရားရုပ်တုတွေ၊ ဗုဒ္ဓဆင်းတုတွေ ပါဝင်ပြီး...
မန္တလေးမြို့တောင်ဘက်၊ အင်းဝမြို့က မယ်နုအုတ်ကျောင်း တစ်ခုလုံးကို စစ်ကောင်စီ၊ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ထုံးရွှေရောင် သုတ်ပြီး ပြန်လည် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ကုန်းဘောင်ခေတ် ထင်ရှားတဲ့ မြန်မာမှု ဗိသုကာလက်ရာ စံပြကျောင်းတော်ကြီးတစ်ခုဖြစ်တဲ့ မယ်နုအုတ်ကျောင်းကို စစ်ကောင်စီက အခုလို ရွှေရောင်တွေ သုတ်ပြီး ပြင်ဆင်ထားရှိမှုကို...
ချင်းပြည်နယ် မြို့တော် ဟားခါးကို အပြီးသိမ်းနိုင်ရေးအတွက် ရုန်းတောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေရာ မြို့ပေါ် ခွေးမွေးသူတွေအနေနဲ့ ဩဂုတ်လ ၁ ရက် နောက်ဆုံးထားပြီး ခွေးတွေကို ရောင်းချဖို့၊ ရောင်းမရပါက သတ်ပစ်ဖို့ CDF- ဟားခါးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ ဟားခါးမြို့ပေါ်မှာ အိမ်ပြင်ထွက်လာတဲ့ ခွေးတွေကို...
နိုင်ငံအောက်ပိုင်းက ဧရာဝတီနဲ့ သံလွင်အပါအဝင် မြစ် ၈ မြစ်မှာ ရေကြီးရေလျံမှုတွေကြောင့် မြစ်ဘေးနားက မြို့ကြီး ၁၂ မြို့ထက်မနည်းမှာ မြစ်ရေကြီးမှုဖြစ် ဖြစ်ပွားနေတယ်လို့ စစ်ကောင်စီ မိုးဇလက ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ ဆိပ်သာမြို့၊ ဟင်္သာတမြို့ နဲ့ ဇလွန်မြို့တွေဟာ ဧရာဝတီမြစ်ရေးကြီးမှုဒဏ် ခံနေရပါတယ်။...