Connect with us

Hi, what are you looking for?

သတင်း

ငလျင်ကြောင့် မြန်မာ့စိုက်ပျိုးမြေ ဟတ်တာ ၃.၇ သန်းကျော် ထိခိုက်ပျက်စီးနိုင်လို့ FAO ထုတ်ပြန်

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံဟာ စိုက်ပျိုးမြေ ဟတ်တာ ၃. ၇ သန်းကျော် ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထုတ်ပြန်ထားပါတယ်။

ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ DIEM အဖွဲ့မှ ဂြိုဟ်တုဓာတ်ပုံတွေကို ဆန်းစစ်ပြီး စိုက်ပျိုးရေးနဲ့ လူမှုစီးပွားအပေါ် ငလျင်လှုပ်ခတ်မှုကြောင့် သက်ရောက်နိုင်ခြေတွေကို ကနဦး ဆန်းစစ်သုံးသပ်ချက်တွေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ နေပြည်တော်၊ ရှမ်း စတဲ့ ဒေသငါးခုထက်မနည်းမှာ ငါလျင်ကြောင့် စိုက်ပျိုးမြေရဲ့ မြေဆီလွှာတွေနဲ့ မြေကြောတွေ ပျက်စီးခဲ့ပြီး ဆီထွက်သီးနှံ စိုက်ပျိုးမြေတွေက အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။

စိုက်ပျိုးမြေ ထိခိုက်ပျက်စီးတွေဟာ စစ်ကိုင်းတိုင်းမှာ ၁.၅ သန်းဟတ်တာ၊ မန္တလေးတိုင်းမှာ ၁.၄ သန်း ဟတ်တာ၊ ရှမ်းပြည်နယ်မှာ ၄.၃ သိန်းဟတ်တာ၊ မကွေးတိုင်းမှာ ၃.၈၉ သိန်း ဟတ်တာနဲ့ အများဆုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဓါတ်ပုံများ – Htin Kyaw ၊ The Spirit Brotherhood Mission

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...