Connect with us

Hi, what are you looking for?

သတင်း

စိမ်းလန်း မြန်မာ စီမံကိန်းကို စတင်အကောင် အထည် ဖော်နေပြီလို့ ဥရောပသမဂ္ဂ ကြေညာ

မြန်မာနိုင်ငံရှိ တိရစ္ဆာန်အစာတန်ဖိုးကွင်းဆက်ဆိုင်ရာ စီးပွားရေးစက်ဝန်းကို အားကောင်းလာစေရေး – စိမ်းလန်း မြန်မာ စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU)က ဒီနေ့ ဇွန်လ ၂၀ ရက်မှာ ကြေညာပါတယ်။

ဥရောပသမဂ္ဂ (EU) ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ Mecry Crops အဖွဲ့ဟာ မိတ်ဖက်တွေဖြစ်တဲ့ RecyGlo နဲ့ Village Link တို့နဲ့ ပူးပေါင်းပြီး SWITCH-Asia ရဲ့ ဒေသတွင်းအစီအစဉ်အောက်ကနေ စီမံကိန်းအသစ်တစ်ခုဖြစ်တဲ့ စိမ်းလန်း မြန်မာ (Sein-Lan Myanmar) ကို ဒီနေ့မှာ စတင်မိတ်ဆက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီစီမံကိန်းဟာ တိရစ္ဆာန်အစာထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပါဝင်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေကို စီးပွားရေးစက်ဝန်း (Circular Economy) ဆိုင်ရာစံနှုန်းတွေနဲ့ ကောင်းမွန်တဲ့ လုပ်ငန်းကျင့်သုံးမှုတွေကို အသုံးပြုနိုင်ဖို့အတွက် ပံ့ပိုးထောက်ပံ့သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU) က ဆိုပါတယ်။

လုပ်ငန်းတွေကို သန့်ရှင်းတဲ့ နည်းပညာတွေနဲ့ ရေရှည်တည်တံ့တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ကျင့်သုံးနိုင်စေဖို့ ကူညီပေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် သုံးစွဲသူတွေအနေနဲ့ နေ့စဉ်ဘဝမှာ တာဝန်ယူမှုရှိတဲ့ ရွေးချယ်မှုနဲ့ လူနေမှုဘဝတွေကို ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့ ကူညီပေးမယ့် စမ်းသပ်ပရောဂျက်တွေကို ငွေကြေးထောက်ပံ့ပေးတဲ့ အစီအစဉ် တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ (EU) ဟာ မိတ်ဖက်အဖွဲ့တွေနဲ့အတူ တိရစ္ဆာန်အစာကဏ္ဍကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝပတ်ဝန်းကျင်ယိုယွင်းထိခိုက်မှုကို လျှော့ချနိုင်ရေးနဲ့ ပိုမိုရေရှည်တည်တံ့တဲ့ တန်ဖိုးကွင်းဆက်တစ်လျှောက် စီးပွားရေးအကျိုးအမြတ်တွေကို မြှင့်တင်နိုင်ရေး ကြိုးပမ်းမှုတွေမှာ ပါဝင်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

SWITCH-Asia ဟာ ၂၀၀၇ ခုနှစ်မှစတင်ပြီး ဥရောပသမဂ္ဂမှ ထောက်ပံ့လာတဲ့ အစီအစဉ်တစ်ခုဖြစ်ကာ ဒေသတွင်းမှာ ရေရှည်တည်တံ့တဲ့ စားသုံးမှုနဲ့ ထုတ်လုပ်မှု (Sustainable Consumption and Production – SCP) ကို မြှင့်တင်ဖို့ ရည်ရွယ်ဆောင်ရွက်တယ်လို့ သိရပါတယ်။

1 Comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...