Connect with us

Hi, what are you looking for?

သတင်း

ထန်တလန်မှာ သားငှက်တိရစ္ဆာန်တွေ ဖမ်းဆီးခြင်း မပြုလုပ်ဖို့ ၄ လကြာ တားမြစ်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ မတ်လ ၅ ရက်မှ ဇွန်လ ၃၀ ရက်အထိ သားငှက်တိရစ္ဆာန်တွေ ပစ်ခတ်၊ ဖမ်းဆီးမှုတွေကို မလုပ်ကြဖို့ တားမြစ်ပိတ်ပင်လိုက်တယ်လို့ CDF – ထန်တလန်အဖွဲ့က မတ်လ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

CDF – ထန်တလန်ထိန်းချုပ်နယ်မြေအတွင်း မတ်လ ၅ ရက်မှ မေလ ၃၁ ရက်အထိဟာ ငှက်တွေ အသိုက်ဆောက်ချိန်၊ အုဥချိန်တွေ ဖြစ်တဲ့အတွက် အသိုက်ဖျက်စီးခြင်း၊ ငှက်ထောင်ဖမ်းခြင်း၊ ပိုက်ကွန် အသုံးပြု ဖမ်းခြင်း၊ လေသေနတ်၊ လေးဂွတို့နဲ့ အမဲလိုက် ပစ်ခတ်ခြင်းတို့ မပြုလုပ်ရဘူးလို့ CDF – ထန်တလန်က တားမြစ်ပါတယ်။

ဒါ့အပြင် ဧပြီလ ၁ ရက်နဲ့ ဇွန်လ ၃၀ ရက်အထိကိုလည်း တောရိုင်းတိရစ္ဆာန်တွေ ကိုယ်ဝန်လွယ်ချိန်၊ သားပေါက်ဖွားချိန် ဖြစ်တဲ့အတွက် ဒေသခံတွေအနေနဲ့ တောထွက်အမဲလိုက်ခြင်း၊ ကျော့ကွင်းထောင်ခြင်းတို့ မပြုလုပ်ကြဖို့ အသိပေး ထုတ်ပြန်ပါတယ်။

ဒီတားမြစ်ချက်တွေဟာ ထန်တလန်မြို့နယ်ထဲမှာ သားငှက်တိရစ္ဆာန်တွေ ရေရှည်ထိန်းသိမ်းနိုင်ဖို့ ဖြစ်တာကြောင့် တားမြစ်ချက်ဖောက်ဖျက်တဲ့ ဘယ်သူ့ကို မဆို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အရေးယူမယ်လို့ ဆိုထားပါတယ်။

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....