Connect with us

Hi, what are you looking for?

သတင်း

ဒီနေ့ မီနစ်ပိုင်းအတွင်း ဒေသ ၃ ခုကို ဗဟိုပြုပြီး ငလျင်တွေ လှုပ်ခတ်သွား

ဒီကနေ့ ဧပြီလ ၅ ရက်မှာ မြန်မာနိုင်ငံထဲက မြို့နယ် ၃ ခုကို ဗဟိုပြုပြီး မီနစ်အနည်းငယ်သာ ကွာခြားကာ မြေငလျင် ၃ ခု ထပ်မံလှုပ်ခတ်သွားတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒသညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၃ မိနစ်မှာ သာစည်မြို့ရဲ့ တောင်- အရှေ့တောင်ဘက် ၇ မိုင်ခန့်အကွာကို ဗဟိုပြုပြီ ရစ်ချ်တာ စကေး ၃.၉ ပြင်းအားရှိတဲ့ ငလျင်ဟာ အနက် ၁၀ ကီလိုမီတာနဲ့ လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။

ညနေ ၄ နာရီ ၅ မိနစ်ခန့်မှာ တောင်ငူမြို့ရဲ့ မြောက်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်ချ်တာ စကေး ၃.၂ အင်အားရှိတဲ့ ငလျင်ဟာ အနက် ၁၀ ကီလိုမီတာနဲ့ လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ညနေ ၄ နာရီ ၁၄ မီနစ်ခန့်မှာ ရေတာရှည်မြို့ရဲ့ အရှေ့မြောက်ဘက် ၁၉ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အနက် ၁၀ ကီလိုမီတာ၊ ရစ်ချ်တာစကေး ၃.၂ အင်အားရှိတဲ့ ငလျင် လှုပ်ခတ်သွားတယ်လို့ မိုးဇလက ဆိုပါတယ်။

မတ်လ ၂၈ ရက်က စစ်ကိုင်မြို့အနီးကို ဗဟိုပြုပြီးတော့ ရစ်ချ်တာစကေး ၇.၇ အင်အားရှိတဲ့ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဒီနေ့ ဧပြီလအထိ နောက်ဆက်တွဲငလျင်ပေါင်း ၈၅ ကြိမ်အထိ လှုပ်ခတ်ထားတယ်လို့ သိရပါတယ်။

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....