Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတဝန်းရေကြီးလို့ စိုက်ပျိုးရာသီမှာ လယ်မြေပျက်စီးမှု ဧက ၃၈,၀၀၀ ကျော်ရှိခဲ့

တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် စက်တင်ဘာလ ၁၀ ရက်မှ စတင်ပြီး မြန်မာနိုင်ငံတဝန်း စံချိန်တင် ရေကြီးရေလျှံခြင်း တွေ ဖြစ်ပွားခဲ့ရာ တိုင်းနဲ့ပြည်နယ် ၄ ခုက လယ်မြေပျက်စီးမှု ဧကပေါင်း ၃၈,၅၁၃ အထိ ရှိခဲ့တယ်လို့ NUG အစိုးရက မနေ့က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတဝန်း ရေကြီး ရေလျှံမှုတွေကြောင့် ဆည်တွေကျိုးပေါက်ခြင်း၊ ရေပိုလွှဲတွေ ဖောက်ချခြင်းတွေ ဖြစ်ပွားခဲ့ပြီး အဲဒီစနစ်တွေကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီဟာ ဒေသခံလူထုကို အချိန်မီ သတိပေး ချက်နဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ပေးခြင်း မရှိတဲ့အတွက် သေကျေ၊ ပျက်စီး ဆုံးရှုံးမှုတွေ နေရာအနှံ ဖြစ်ပေါ်ခဲ့တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။

ပျက်စီးလယ်မြေတွေဟာ ပဲခူးမှာ ဧက ၁၀,၀၀၀၊ မကွေးမှာ ဧက ၄၃၀၊ ကရင်နီမှာ ဧက ၄,၀၀၀၊ ကရင်မှာ ဧက ၂၄,၀၈၃ အထိ ရှိခဲ့ပြီး ကျွဲ၊ နွား၊ ဆိတ် သေဆုံးမှုက ၁၃၄ ကောင်အထိ ရှိခဲ့တယ်လို့ စက်တင်ဘာလ ၂၂ ရက်အထိ ရရှိတဲ့ စာရင်းတွေအရ NUG က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ကြာ နိုင်ငံတဝန်းတိုက်ပွဲတွေကြောင့် ဒေသအများအပြားမှာ စိုက်ပျိုုးရေးတွေ မလုပ်နိုင်ချိန်မှာပဲ စိုက်ပျိုးနိုင်တဲ့ လယ်မြေတွေ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လျှပ်တပြတ် ရေကြီးပြီး ၁၀ ရက်အကြာ တိုင်းနဲ့ ပြည်နယ် ၁၀ခုက မြို့နယ် ၆၅ မြို့နယ်မှာ နေရပ်စွန့်ခွာသူတွေအပါအဝင် ခန့်မှန်းခြေ လူဦးရေ ၈၈၇,၀၀၀ ခန့် ရေဘေးသင့်ခဲ့ပြီး ကောက်ပဲသီးနှံနဲ့ လယ်မြေတွေ ထိခိုက်ပျက်စီးမှု များပြားခဲ့သလို အလုံးစုံပျက်စီးခြင်းတွေလည်း ရှိခဲ့တယ်လို့ UNOCHA က စက်တင်ဘာလ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ရာဂီမုန်တိုင်းနဲ့ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးနဲ့ ပျောက်ဆုံး စုစုပေါင်း လူ ၁၀၀၀ ကျော် ရှိလိမ့်မယ်လို့လည်း NUG အစိုးရက ထုတ်ပြန်ပါတယ်။

UNOCHA – မြန်မာကတော့ စက်တင်ဘာလ ၂၁ ရက်အထိ သေဆုံးသူ ၃၀၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင့် နေအိမ်တွေ၊ အိမ်သုံးပစ္စည်းတွေ၊ ရေအရင်းမြစ်တွေ၊ လျှပ်စစ်ဓါတ်အားလိုင်းတွေ၊ လမ်းနဲ့ တံတားတွေ၊ ဆက်သွယ်ရေး ကွန်ယက်တွေ၊ ကျောင်းတွေ၊ ပြည်သူ့ ဝန်ဆောင်မှု အဆောက်အဦတွေနဲ့၊ ဘာသာရေး အဆောက်အဦတွေလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

သောက်ရေ၊ စားနပ်ရိက္ခာ၊ အခြေခံ ဆေးဝါး၊ အိမ်သုံး ပစ္စည်းများ၊ အဝတ်အထည်၊ အမိုးအကာနဲ့ အရေးပေါ် ကြိုတင်ပြင်ဆင်ရေးအတွက် အသက်ကယ် ပစ္စည်းတွေ အရေးတကြီး လိုအပ်နေတယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းတွေ အလျင်အမြန် စတင်နိုင်ဖို့ အရေးပေါ်တုံ့ပြန်ရေး ဗဟို ရန်ပုံငွေကို အမေရိကန်ဒေါ်လာ ၄ သန်း ခွဲဝေချထားတယ်လို့ UNOCHA က ဆိုပါတယ်။

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....