Connect with us

Hi, what are you looking for?

သတင်း

ပူတာအို၊ မူလာဒီရွာမှာ အမျိုးသမီး ၄ ဦးကို သတ်ခဲ့တဲ့ တောဆင်ရိုင်းကို ပြည်သူ့စစ်အဖွဲ့ ပစ်သတ်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ မူလာဒီကျေးရွာကို ဝင်ရောက်လာပြီး ဒေသခံ ၄ ဦးကို သတ်ဖြတ်ခဲ့တဲ့ ဆင်ကို ၅ ရက်အကြာ ဒီနေ့ ဧပြီလ ၂၁ ရက်မှာ ဒေသခံပြည်သူ့စစ်တပ်ဖွဲ့က ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဒီနေ့ နေ့လည် ၁၂ နာရီလောက်မှာ မူလာဒီကျေးရွာအနီးက တောထဲမှာ ပြည်သူ့စစ်တပ်ဖွဲ့က သတ်ဖြတ်လိုက်တာဖြစ်ပြီး လက်ရှိမှာ မူလာဒီကျေးရွာနဲ့ ရီကျော်ဒီကျေးရွာတို့က ဆင်အန္တရာယ်ကို တိမ်းရှောင်နေတဲ့ ဒေသခံတွေ နေရပ်ပြန်လာနေကြပြီးလို့ သိရပါတယ်။

အဲဒီတောဆင်ရိုင်းဟာ ဧပြီလ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ ဒေါ် တာမာဟဲ့ (၃၈နှစ်)၊ ဒေါ် ငွါးယော်နာ (၃၃ နှစ်)၊ ဒေါ် ရှောရဲ့ဟဲ့ (၇၅ နှစ်) ၊ ဒေါ် ဒူးမာဟာ (၈၁ နှစ်) တို့ကို နင်းသတ်တာကြောင့် အသက်ဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရရှိသူတွေဟာ ဆေးကုသမှု ခံယူနေရကြောင်း၊ နေအိမ်အများအပြားလည်း ပျက်စီးကြောင်း Myaw Lint Yar – Hope အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံများ – အားခီ၊

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...