Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မှာ ရှားပါးအပင်၊ သားငှက်တွေနဲ့ ရေမြေသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အရှိန်မြှင့် လုပ်မယ်လို့ မင်းတပ်-ပအဖ ဆို

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ရှားပါးအပင်မျိုးစိတ်၊ သားငှက်တိရစ္တာန်နဲ့ ရေမြေသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းကို စနစ်တကျ အချိန်ယူ၊ အရှိန်မြှင့် လုပ်ဆောင်သွားဖို့ စီစဉ်ထားတယ်လို့ မင်းတပ်-ပအဖက ကြေညာပါတယ်။

မနေ့က ဇွန်လ ၆ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့နယ်ထဲ ရေမြေသဘာဝ တောတောင်တွေကို ထိန်းသိမ်းခြင်း၊ ရေဝေရေလဲ တောတောင် သဘာဝနဲ့တကွ ရှားပါးတိရစ္တာန်မျိုးစိတ်တွေ၊ အပင်မျိုးစိတ်တွေကို ထိန်းသိမ်းခြင်းဟာ ရှေးဘိုးဘေးတွေထံက လက်ခံရရှိတဲ့ တောတောင်သဘာဝအလှတွေကို နောက်မျိုးဆက်မှာ ပိုမိုတိုးတက် သာယာဝပြောစေဖို့ လုပ်ဆောင်ကြရမယ်လို့ ဆိုပါတယ်။

ရှားပါး အပင်မျိုးစိတ်တွေ၊ သားရဲတိရစ္ဆာန်နဲ့ ရေမြေသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း တို့ကို စနစ်တကျ အချိန်ယူ အရှိန်မြှင့် လုပ်ဆောင်သွားရန် စီစဉ်ထားရှိပြီး ယင်းမှတဆင့် သဘာဝခရီးသွားလုပ်ငန်းတွေ တိုးတက်လာကာ ဒေသခံတွေရဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေအခွင့်အလမ်းတွေ ပေါ်ပေါက်တိုးတက်လာစေရန် လုပ်ဆောင်သွားမယ်လို့ မင်းတပ်- ပအဖက ထုတ်ပြန်ပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ကြားကာလမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ သစ်တောဌာနရဲ့ ဦးဆောင်မှုနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရုံးအဖွဲ့ဝင်တွေ၊ CDF – မင်းတပ် တပ်ရင်း ၁ မှ ရဲဘော်တွေနဲ့ ပြည်သူတချို့ ပူးပေါင်းပြီး မင်းတပ်မြို့ဝင်မုခ်ဦးအနီးမှာ သစ်ပင်တွေ စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF – မင်းတပ်ဟာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းက မင်းတပ်မြို့နယ်ကို အပြီးသတ်သိမ်းယူခဲ့ပြီး လက်ရှိမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်ရင်း ပြည်လည်ထူထောင်ရေးနဲ့ ပြည်လည်နေရာချထားရေး လုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

ဓါတ်ပုံ – မင်းတပ်ပအဖ

Click to comment

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်အတွင်းရှိ ရေနံမြေနဲ့ ရေနံသယံဇာတတွေကို NUG အစိုးရနဲ့ မကွေးယူနစ်အစိုးရတို့ ပူးတွဲပြီး “မကွေးဖက်ဒရယ်ယူနစ် ရေနံနဲ့ ရေနံထွက် ပစ္စည်းတွေ ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့” ကို ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီနေ့ ဧပြီလ ၃ ရက်မှာ NUG...