Connect with us

Hi, what are you looking for?

သတင်း

မြန်မာအလယ်ပိုင်းကို ဗဟိုပြုပြီး အားပြင်းငလျင်တွေ လှုပ်ခတ်

မြန်မာနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြုပြီး မြန်မာစံတော်ချိန် မွန်းလွဲပိုင်းမှာ အလွန်ပြင်းထန်တဲ့ ငလျင်တွေ လှုပ်ခတ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နဲ့ ၃၄ ကီလိုမီတာအကွာကို ဗဟိုပြုပြီ ၆.၉ ပြင်းအားရှိတဲ့ အလွန်ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတွင် ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့သလို ဘန်ကောက်၊ ချင်းမိုင် အပါအဝင် ထိုင်းနိုင်ငံထဲမှာလည်း လှုပ်ခတ်သွားတယ်လို့ သိရပါတယ်။

မန္တလေးမြို့ပေါ်မှာ နေအိမ်တချို့ ပြိုကျပျက်စီးမှုတွေ ရှိခဲ့ပြီး စစ်ကိုင်းတံတားကြီးလည်း ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။

အလွန်အားပြင်းတဲ့ ငလျင်မို့ နောက်ဆက်တွဲငလျင်တွေ ဆက်လှုပ်နိုင်ကြောင်း၊ သတိပြုနေထိုင်ရန် နဲ့ ငလျင်ဘေးအန္တရာယ်နဲ့ စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နဲ့ သတိပြုရန်အချက်များကို လေ့လာထားနိုင်ဖို့လည်း လိုအပ်တယ်လို့ ငလျင်ကျွမ်းကျင်သူတွေက သတိပေး‌နေပါတယ်။

သတင်းဖတ်ရှုသူ မိတ်ဆွေတို့ရဲ့ ဒေသမှာလည်း ငလျင်လှုပ်ပါက အောက်က ကွန်မန့်မှာ မှတ်ချက်ရေးသားခဲ့ပါ။

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....