Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့ကမ်းရိုးတန်းတွေမှာ ငါးလိပ်ကျောက်တွေ ပိုမိုနည်းလာနေပြီလို့ Myanmar Ocean Project က သတိပေး

မြန်မာ့ကမ်းရိုးတန်းတွေမှာ ငါးအလွန်အကျွံ ဖမ်းဆီးခြင်းကြောင့် ငါးလိပ်ကျောက်အကောင်ရေတွေ ပိုမိုနည်းလာနေပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ အများကြီး လိုအပ်နေတယ်လို့ Myanmar Ocean Project ထံမှ သိရပါတယ်။

ဇွန်လ ၂၂ ရက်က Goethe-Institut မှာ Myanmar Ocean Project နဲ့ Goethe-Institut Myanmar ပူးပေါင်းပြုလုပ်ခဲ့တဲ့ Go Green Goethe! အစီအစဉ်အပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငါးဘဲလိပ်တွေ အူကြီးတွေရဲ့ ပါးဟတ်/ ပသိ ရောင်းဝယ်မှုနဲ့ ငါးအလွန်အကျွံဖမ်းခြင်းကြောင် မြန်မာ့ကမ်းရိုးတန်းမှာ Manta Rays နဲ့ Mobula Ray စတဲ့ ငါးလိပ်ကျောက်တွေဟာ အကောင်အရေအတွက်ဟာ ပိုမိုနည်းလားတဲ့အတွက် ထိန်းသိမ်းစောင့်ရှောက်ဖို့ အများကြီး လိုအပ်နေတယ်လို့ သိရပါတယ်။

Mobula rays တွေ Manta rays တွေဟာ မျိုးတုံးလုနီးနီးဖြစ်နေတဲ့ မျိုးစိတ်တစ်ခုဖြစ်လာနေပါပြီလို့လည်း Myanmar Ocean Project က သတိပေးထုတ်ပြန်ထားပါတယ်။

ဒီလို ထိန်းသိမ်းဖို့အတွက် ပထမဆုံးလုပ်နိုင်တာက စျေးတွေထဲမှာ အူကြီး၊ငါးဘဲလိပ်၊ ငါးအူညင်း၊ ငါးအူမြင်း ရောင်းနေတာတွေကို ဝယ်မစားခြင်း၊ အားမပေးခြင်းကနေ စတင်လုပ်ဆောင်နိုင်ပါတယ်လို့ ပြည်သူလူထုကို သတိပေး နှိုးဆော်ထားပါတယ်။

ဓါတ်ပုံများ – Myanmar Ocean Project

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....