Connect with us

Hi, what are you looking for?

သတင်း

မြေယာနိုင်ငံရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုအကြောင်း ဆွေးနွေးဖလှယ်ပွဲပြုလုပ်မယ်

မြေယာနိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုအကြောင်းနဲ့ ပတ်သက်လို့ ကမ္ဘာ့သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အွန်လိုင်း ဆွေးနွေးဖလှယ်ပွဲကို ဇွန်လ ၅ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို Insight Research Corner နှင့် CJ platform တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး ဇွန်လ ၅ ရက် နံနက် ၁၀ နာရီမှာ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အွန်းလိုင်းမှာ စတင် ကျင်းပသွားမှာဖြစ်ပါတယ်။

အပူလွန်ကဲမှုများ၊ မိုးခေါင်ရေရှားမှု စတဲ့ ရာသီဥတု ပြောင်းလဲမှုတွေနဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်တွေ ရှေ့တန်းရောက်လာစဥ် တပြိုင်နက်တည်းမှာပဲ မြန်မာ့နိုင်ငံရေးဆိုင်ရာ အခင်းအကျင်းမှာလည်း အပြောင်းအလဲများ ဖြစ်ပေါ်နေပါတယ်။

ဒါကြောငမြန်မာတို့အတွက် မြေပိုင်ခွင့်၊ စီမံအုပ်ချုပ်ခွင့်က ဘယ်လိုဖြစ်ပေါ်လာမည်လဲ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ အနာဂတ်၊ ကျွန်ုပ်တို့ အနာဂတ်အတွက် ဘယ်လိုရွေးချယ် ပြင်ဆင် ထားကြမလဲ စတဲ့ အကြောင်းအရာတွေကို Insight Research Corner ရဲ့ ဦးဆောင်ဒါရိုက်တာ ဒေါက်တာလွင်လွင်ဝေက ဦးဆောင်ဆွေးနွေးမှာဖြစ်ပါတယ်။

Click to comment

သတင်း

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝ ဓါတ်ငွေ့သိုက်တွေထဲက တစ်ခုအပါအဝင် ဖြစ်လာနိုင်တဲ့ တနင်္သာရီကမ်းလွန်က M-15 လုပ်ကွက်ကို ၂၀၂၆ နှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ရေးလုပ်ငန်းတွေ ဆောင်ရွက်မယ်လို့ အာဏာသိမ်း အသွင်ပြောင်း စစ်အစိုးရက  ထုတ်ပြန်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးမြတ်ကိုနဲ့ CFG Energy Pte., Ltd....